၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၁ရက်နေ့တွင် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂) ဦးသည် မြောက်ဒဂုံမြို့နယ်၊ (၃၀) ဈေးအတွင်းရှိ စားသုံးဆီအမျိုးမျိုး(ဘူးသွင်းဆီ)ရောင်းချသည့် ဆိုင်(၁၀)ဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ဈေးကွက်အတွင်းရောင်းချနေသည့် ဘူးသွင်းစားသုံးဆီများကိုစစ်ဆေးရာတွင် အမေထွားပဲဆီသန့်၊ ရန်ကုန်ပဲဆီသန့်၊ မေဇင်(ဟင်းသီးဟင်းရွက်ဆီ၊ Goody ပဲပိစပ်ဆီ၊ ပုဇွန်နှစ်ကောင်ဆီအပါအဝင် အခြားဆီဘူးများတို့တွင် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားသည်ကိုစိစစ်တွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်တင်သွင်းလာသော စားသုံးဆီများကိုရောင်းချခြင်းမပြုလုပ်ရန်ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)