Main menu

သင်္ဃန်းကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ စားသုံးဆီဖြန့်ဖြူးသည့် ကုမ္ပဏီများနှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

      ၂၁-၈-၂၀၂၄ ရက်နေ့၊ နေ့လယ် ၁၅:၀၀ နာရီအချိန်မှ နေ့လယ် ၁၇:၀၀ နာရီအချိန်အထိ သင်္ဃန်းကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြိုနယ်စည်ပင်နှင့် စျေး ၆စျေးမှ တာဝန်ခံများ၊ စားသုံးဆီဖြန့်ဖြူးသည့် ကုမ္ပဏီ ၅ခုမှတာဝန်ခံများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လက်လီ/ လက်ကားကိုယ်စားလှယ်များနှင့် အစည်းအဝေးပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

       အဆိုပါအစည်းဝေးတွင် စားသုံးဆီဖြန့်ဝေရောင်းချမှုနှင့်ပတ်သက်၍ မြို့နယ်အတွင်းရှိ အိမ်ထောင်စုအလိုက် ဖြန့်ဝေပေးရမည်ဖြစ်၍ စားသုံးဆီရောင်းချ/ဝယ်ယူသည့် မှတ်တမ်းစာအုပ်ပြုလုပ်ရမည်ဖြစ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကုမ္ပဏီတာဝန်ရှိသူများပူးပေါင်းကာ အိမ်ထောင်စုတစ်စုချင်းစီအလိုက် စားသုံးဆီအမှန်တကယ်ရရှိရေးဆောင်ရွက်ရန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိမိတို့ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုစာရင်း၊ ဧည့်စာရင်းမိတ္တူများရရှိရေး အမြန်ဆုံးဆောင်ရွက်၍ မြို့နယ်ရုံးသို့တင်ပြရန်နှင့် စားသုံးဆီဖြန့်ခွဲမှုနှင့်ပတ်သက်သည့် အစီအမံများအား ချပြရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် အစည်းအဝေးတက်ရောက်လာသူများ၏ တင်ပြဆွေးနွေးမှု့များအပေါ်  ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)