Main menu

အင်းစိန်မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေး ဦးဇော်မင်းဦးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၁-၈-၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့ ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ရာ Denko, Moon San, Star Hight, MICA Power စက်သုံးဆီဆိုင်များရှိ ဆိုင်တာဝန်ခံများနှင့်တွေ့ဆုံပြီး စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထုတ်ပြန်ပေးသည့် ရည်ညွှန်းဈေးနှုန်းရောင်းချကြရန်၊  အချင်အတွယ်နှင့် အလေးချိန်မှန်ကန်စွာရောင်းချရန်၊  LED ဘုတ်တွင်ကြေညာထားသည့် ဈေးနှုန်းများအတိုင်းရောင်းချကြရန်ပြောကြားခဲ့ပါသည်။ ၎င်းနောက်  ဆီသိုလှောင်ကန်များအား သတ်မှတ်စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ သတ်မှတ်ချက်စည်းကမ်းများနှင့်ကိုက်ညီကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)