Main menu

အင်းစိန်မြို့နယ်ရှိ ရွှေအိုးဆေးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၂-၈-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်ရှိ အမှတ် (၃၈/A)၊ လမ်းသစ်လမ်း၊ နံ့သာကုန်းရပ်ကွက်ရှိ ရွှေအိုးဆေးဆိုင်သို့သွားရောက်၍ ဆေးနှင့် ဆေးပစ္စည်းများဈေးနှုန်းနှင့် ဆေးများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ထိုသို့ ဈေးကွက်စောင့်ကြည့်ရာတွင် ပြည်တွင်း၌စားနပ်ရိက္ခာဖူလုံစေရေးနှင့် အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများ၊ ဈေးနှုန်းတည်ငြိမ်ရေး၊ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိစေရေး အလေးထားဆောင်ရွက်လျက်ရှိရာ ရွှေအိုးဆေးဆိုင်တာဝန်ခံအား ဆေးဈေးနှုန်းများ၊ ဝမ်းရောဂါကာကွယ်ကုသမှုဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းပြတ်လပ်မှုရှိ/မရှိကို မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)