Main menu

ဓာတ်ခွဲခန်းလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရေးဆွေးနွေးပွဲကျင်းပ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းကော်မတီလီမိတက် (MITS) မန္တလေးဓာတ်ခွဲခန်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများအားသိရှိနိုင်စေရန်  ၂၁-၈-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်  Online  မှ  Zoommeeting ဖြင့်  ဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊   စိုက်ပျိုးရေးဦးစီးဌာန၊ အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မန္တလေးနည်းပညာတက္ကသိုလ်၊ စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊  မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ပွဲစားကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်း၊ ဆန်ကုန်သည်များအသင်း၊ ဆန်စပါးကုန်စည်ဒိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဆီစက်လုပ်ငန်းရှင်များအသင်းတို့တက်ရောက်ခဲ့ကြပါသည်။

         မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းကော်မတီလီမီတက် (MITS) ၏  အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်လွင်နှင့် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်တို့က အဖွင့်အမှာစကားပြောကြားခဲ့ကြပါသည်။ MITS တာဝန်ရှိသူများက MITS လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ MITS ဓာတ်ခွဲခန်းအား ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ဖွင့်လှစ်ထားပါကြောင်း၊ ရန်ကုန်ဓာတ်ခွဲခန်းအနေဖြင့် ISO 9001-2008 QMS လက်မှတ်ရရှိထားခြင်း၊ ISO 17025 ရရှိရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများကိုလည်း ISO စည်းကမ်းချက်နှင့်အညီ ဝယ်ယူသုံးစွဲလျက်ရှိပါကြောင်း၊  ဓာတ်ခွဲခန်းတွင် အဓိကအားဖြင့် စားသုံးဆီများ၏ ရူပအရည်အသွေးနှင့် ဓာတုအရည် အသွေးဓာတ်ခွဲမှုများဆောင်ရွက်လျက်ရှိပါကြောင်း၊ အထက်မြန်မာပြည်လုပ်ငန်းရှင်များအနေဖြင့် စားသုံးဆီများ၏ရူပအရည်အသွေးနှင့် ဓာတုအရည်အသွေးသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိအား မန္တလေး MITS ဓာတ်ခွဲခန်းတွင် စမ်းသပ်နိုင်ပါကြောင်း အကျယ်တဝင့်ရှင်းလင်းတင်ပြခဲ့ပြီး၊ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိရှိလိုသည်များအား  အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးခင်မောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြားရာ မြန်မာပြည်အထက်ပိုင်း စားသုံးဆီဓာတ်ခွဲစမ်းသပ်ခြင်းလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များ၊ သီးနှံကုန်စည်ဒိုင်များအားလုံးပါဝင်သည့် အဖွဲ့ဖွဲ့စည်း၍ ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ပြီးနောက် ဆွေးနွေးပွဲအား အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)