Main menu

မိတ္ထီလာခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ စျေးကွက်တွင်းရောင်းချနေသော စက်သုံးဆီများအား သတ်မှတ်အချင်အတွယ်နှင့် အရည်အသွေးစံချိန်စံညွှန်းပြည့်မီခြင်းရှိ/မရှိ၊ MSME နှင့် စက်မှုလုပ်ငန်းများအတွက် စက်သုံးဆီလိုအပ်ချက်များဝယ်ယူရာတွင် အဆင်ပြေစေရေးနှင့် စက်သုံးဆီများပြတ်လပ်မှုရှိ/မရှိ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၂၀) ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ရန်ကုန်လမ်းပေါ်ရှိ စက်သုံးဆီဆိုင် (၇) ဆိုင်အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီဆိုင်များသို့ နေ့စဉ်ဆီဝင်ရောက်မှုအခြေအနေများ၊ ဆီဆိုင်ဖွင့်လှစ်/ပိတ်သိမ်းမှုအခြေအနေများ၊  သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း ရောင်းချမှုရှိ/မရှိ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏အရည်အသွေး၊ အချင်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိ/မရှိ၊  အရည်အသွေးပြည့်မီမှန်ကန်သည့် သတ်မှတ်ချက်နှင့်ကိုက်ညီသော စက်ဆီ၊ ချောဆီများကို တင်သွင်း၊ ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး စီပွားရေးလုပ်ငန်းရှင်များနေဖြင့် ကုန်စည်ပတ်သက်၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်‌ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး  ဆီဆိုင်များမှစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီမှ သတ်မှတ်ထားသော နှုန်းထားများအတိုင်းသာရောင်းချမှုရှိပြီး၊ ကွင်းဆင်းစစ်ဆေးခဲ့သော စက်သုံးဆီဆိုင် (၈) ဆိုင်တွင် ဆိုင်ကြီးများလည်းပါဝင်ပြီး၊ ခွဲတမ်းအနည်းငယ်သာရရှိသည့် ဆိုင်ငယ်များလည်းပါဝင်ရာ ဆိုင်ကြီးများတွင် ဆီပြတ်လပ်သည့် ကာလအနည်းငယ်သာရှိပြီး၊ ကွင်းဆင်းစစ်ဆေးသည့်အချိန်တွင် ဆီဘောက်ဆာများရောက်ရှိနေပြီဖြစ်ပါသည်။ ဆီဘောက်ဆာများမှာ တစ်ပတ်လျှင် နှစ်ကြိမ် ပုံမှန်ဖြည့်တင်းပေးလျက်ရှိရာမှ ပဲခူးမြို့တွင် ရေကြီးမှုကြောင့်   ဘောက်ဆာကားများ ဖြတ်သန်းနိုင်ခြင်းမရှိ၍  ပုံမှန်ရောက်ချိန် ထက်သုံးရက်ခန့်နောက်ကျနေ၍ စက်သုံးဆီပြတ်လပ်မှုရှိခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်ကြောင့် ဆီစုဆောင်းမှုများရှိနေကြောင်း၊ တစ်ဆင့်ပြန်လည်ရောင်းချလိုသောသူများမှာလည်း တန်းစီဝယ်ယူနေမှုများရှိကြောင်း၊ ဆီပြတ်လပ်မှုများဖြစ်ပေါ်ခဲ့ပြီး၊ ယခုအချိန်တွင် ကားများသွားလာနိုင်ပြီဖြစ်၍ ဆီပြတ်လပ်မှု လျော့နည်းသွားနိုင်မည်ဖြစ်ပါကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)