Main menu

“အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိ‌ကောင်းစရာများဟောပြောဆွေးနွေး”

Powered by Drupal

 ‌     ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၌ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိ‌ကောင်းစရာများဟောပြောဆွေးနွေးပွဲကို ၂၀၂၄ခုနှစ်၊ သြဂုတ်လ(၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ‌ဟောပြောဆွေးနွေးပွဲတွင်  ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီးနောက် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ (၂၁-၇-၂၀၂၄)ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်ထားကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မည်သူမဆိုအွန်လိုင်းစနစ်ဖြင့်ရောင်းချပါက မှတ်ပုံတင်လက်မှတ်လျှောက်ထားရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်‌ဆောင်ရွက်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း၊ တက်ရောက်လာသော လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ပတ်ဝန်းကျင်တွင်ရှိသော အွန်လိုင်းစနစ်ဖြင့်ရောင်းချသော လုပ်ငန်းရှင်များအား ပြန်လည်ပြောပြပေးစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မင်းလတ်က အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းအတွက် သတ်မှတ်ထားသည့်နှုန်းထားများ၊ အွန်လိုင်းမှ မှတ်ပုံတင်လျှောက်ထားရာတွင် လုပ်ဆောင်ရမည်အဆင့်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ ကျောက်ဆည်မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်(၅၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)