Main menu

ထားဝယ်ဒေသထွက် မွှန်းရှင်သီး(ခေါ်) မာလာကာချဉ်သီး

Powered by Drupal

     ထားဝယ်ဒေသအခေါ် မွှန်းရှင်သီးသည် ထားဝယ်မြို့၏ တောရွာများတွင် အလေ့ကျပေါက်ပြီး ရှင်သန်လျက် မိုးကျလာပါက တစ်နှစ်တစ်ခါအသီးသီးသော အပင်မျိုးဖြစ်ပြီး တစ်ပင်လျှင် အသီး ၅၀/၁၀၀ ခန့်သီးကာ (၂) နှစ် (၃) နှစ်ခန့် အသက်ရှင်သောအပင်ဖြစ်ပါသည်။ မြန်မာအခေါ်အားဖြင့် မာလာကာချဉ်သီးဟုခေါ်ပြီး အသီးပုံစံမှာ ဇီးသီးအရွယ်အစားလောက်ရှိပြီး မာလာကာချဉ်သီး၏ အရသာမှာအချဉ်နှင့်အချိုအရသာဖြစ်ပြီး ၄င်းပေါ်ချိန်မှာ မိုးရာသီကျောင်းဖွင့်ချိန်ဖြစ်သဖြင့် ထိုရာသီရောက်လျှင် ရွာများမှခူးဆွတ်ပြီး စာသင်ကျောင်းများ၊ ဈေးများတွင်ရောင်းချရာ အရသာမှာ ထူးကဲသဖြင့် ကလေး၊လူကြီး အရသာကိုကြိုက်နှစ်သက်ပြီး ဝယ်ယူစားသုံးသူများကြောင်း သိရှိရပါသည်။ နို့ဆီဘူး(၁) ဗူးလျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချပြီး ရောင်းကောင်းသောအသီးဖြစ်ကြောင်း၊ ထူးကဲသောအရသာကို စားသုံးလိုပါက ထားဝယ်မြို့သို့ လာရောက်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

DOCA(တနင်္သာရီ)