Main menu

ဘားအံမြို့ပေါ်ဈေးများရှိ ပဲပြားဈေးနှုန်း

Powered by Drupal

   ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ဈေးများတွင် ပဲပြားဈေးနှုန်း အနည်းငယ်မြင့်တက်နေကြောင်း သိရသည်။

   လူအများကြိုက်နှစ်သက်သည့် ပဲပြားသည် ပရိုတင်တင်ဓာတ်ကြွယ်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သည့်အစားအစာတစ်မျိုးဖြစ်သည်။ ပဲပြားကို ကြော်ကာ အစာသိပ်လုပ်စားခြင်၊ ပဲပြားတုတ်ထိုး လုပ်စားခြင်း၊ ပဲပင်ပေါက်နှင့်ကြော်စားခြင်း၊ ပဲပြားသုပ်လုပ်စားခြင်း၊ ခရမ်းချဉ်သီးနှင့် အခြားမိမိကြိုက်နှစ်သက်ရာ အမျိုးမျိုးပြုလုပ်စားသုံးနိုင်ပါသည်။

     ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ဈေးများရှိ ပဲပြားဈေးနှုန်းများမှာ ယခင် ပဲပြားလက်ကားဈေး တစ်ပြားလျှင် (၁၃၀)ကျပ်၊ လက်လီဈေး ပဲပြားတစ်ပြားလျှင် (၁၅၀၊၂၀၀)ကျပ် နှင့် ယခုပဲပြား လက်ကားဈေး တစ်ပြားလျှင်(၂၀၀)ကျပ်နှင့်လက်လီဈေး ပဲပြားတစ်ပြားလျှင် (၂၅၀၊၃၀၀)ကျပ်တို့ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိနေကြောင်းသိရပြီး ယခုလို ဈေးနှုန်းအနည်းငယ်မြင့်တက်နေရခြင်းမှာ သယ်ယူစရိတ်အနည်းငယ်မြင့်တက်လာခြင်းတို့ကြောင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)