
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် (၂၀-၈-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် အခြားမိတ်ဖက်ဌာနဆိုင်ရာများဖြစ်သော မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ကြာနီကန်ရပ်ကွက်ရှိ အသင့်စားမုန့်အမျိုးမျိုးရောင်းချသောဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ မုန်ဆိုင်များအားကွင်းဆင်းစစ်ဆေးရာတွင် အသင့်စားမုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိ/မရှိ၊ မြန်မာဘာသာဖြင့် ဖော်ပြထားမှုရှိ/မရှိတို့ကို သွားရောက်စစ်ဆေးခဲ့ပါသည်။ အသင့်စားမုန့်အမျိုးမျိုးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှသာရောင်းချရန်နှင့် မြန်မာဘာသာဖြင့်ဖော်ပြထားမှသာ ရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းရှင်များအား စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)