Main menu

ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာဒုတိယအကြီးဆုံး နာနတ်သီးတင်ပို့သည့်နိုင်ငံဖြစ်လာ

Powered by Drupal

       ဖိလစ်ပိုင်နိုင်ငံသည် Costa Rica ပြီးလျင် ကမ္ဘာဒုတိယအကြီးဆုံး နာနတ်သီးတင်ပို့သည့် နိုင်ငံအဖြစ်ရပ်တည်နေပြီး ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံမှဝယ်လိုအားမြင့်တက် လာမှုကြောင့် ပမာဏ ၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ဖိလစ်ပိုင်သည် ၂၀၂၃ ခုနှစ်တွင် နာနတ်သီးမက်ထရစ် တန် ၆၀၀၀၀၀ ခန့်တင်ပို့ခဲ့ပြီး ယခင်နှစ်ပမာဏကထက် ၂.၇ ရာခိုင်နှုန်း ပိုများလာကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့မှပြောြကားခဲ့သည်။

      FAO သည်ဖိလစ်ပိုင်နိုင်ငံ၏နာနတ်သီးတင်ပို့မှုနှင့် ပတ်သက်၍ နှိုင်ယှဉ်ကိန်းဂဏန်းများ ကို ဖော်ပြမထားသော်လည်း ပမာဏသည် ၂၀၂၁ မှ ၂၀၂၃ ခုနှစ်ထိ တစ်နှစ်ထက်တစ်နှစ်တိုးလာသည်ဟု ဆိုသည်။ ပြီးခဲ့သောနှစ်အတွက် FAO သည် တရုတ်နိုင်ငံသို့တင်ပို့မှု ၃ ရာခိုင်နှုန်းတိုးလာခြင်းကြောင့် တိုးတက်လာသည်ဟုယူဆခဲ့သည်။

    ဖိလစ်ပိုင်နိုင်ငံတွင်စိုက်ပျိုးသောအဓိကမျိုးစိတ်ဖြစ်သော MD2 နာနတ်သီး၏ဆွဲဆောင်မှုရှိသောဈေးနှုန်းနှင့် အရည်အသွေးအချိုးအစား၊ တစ်နှစ်ပတ်လုံးထုတ်လုပ်မှုသံသရာနှင့်ရှည်လျားသော သိုလှောင်မှုသက်တမ်းတို့သည် ၎င်းအားအရောင်းရဆုံးနာနတ်သီးဖြစ်လာစေသောအချက်များဖြစ်ကြောင်း ၎င်းကဆိုသည်။

   တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ ပြည်တွင်းထုတ် နာနတ်သီးကို အဓိကစားသုံးသူဖြစ်ပြီး စုစုပေါင်းတင်ပို့မှု၏ ၄၃ ရာခိုင်နှုန်းခန့်ရှိသည်။ ဂျပန်နှင့်ကိုးရီးယားတို့သည် ၃၀ ရာခိုင်နှုန်းနှင့် ၁၄ ရာခိုင်နှုန်းအသီးသီးရှိကြသည်။ ဖိလစ်ပိုင်နိုင်ငံမှနာနတ်သီးတင်ပို့မှု ပျမ်းမျှတန်ဖိုးသည် ၂၀၂၃ ခုနှစ်တွင် တစ်တန်လျှင် ၅၉၃ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် ၃.၈ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း FAO ကပြောကြားခဲ့သည်။

     တစ်ကမ္ဘာလုံးတွင် အဓိကအားဖြင့် Costa Rica မှ ထောက်ပံ့မှုပိုမိုများပြားခြင်းကြောင့် လွန်ခဲ့သည့်နှစ်အတွင်း ၃.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

DOCA(ရန်ကုန်)