
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် မြို့မဈေးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်များကို ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်ဦးစီးမှူးက ကြီးကြပ်၍ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများကို နေ့စဉ် ဈေးကွက်အတွင်းသို့သွားရောက်ပြီး (၂၂-၈-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဆီများရောင်းချနေမှုအခြေအနေများကိုသိရှိရန် ကွင်းဆင်းဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့စစ်ဆေးရာတွင် မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သား၊ ငါး၊ အခြေခံစားသောက်ကုန်ဈေးနှုန်းများကို ဒေသတွင်းထုတ်လှုပ်နိုင်မှုအပေါ်အခြေခံသော သင့်တင့်သည့်ဈေးနှုန်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချခြင်းရှိ/မရှိနှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမပြုလုပ်စေရန် နေ့စဉ် ဈေးနှုန်းကောက်ယူကွင်းဆင်းမေးမြန်းခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)