
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့တို့မှထွက်ရှိသော ပဲတီစိမ်း၊ ပဲနောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် ကုလားပဲ(929)(၁)တင်းလျှင် ကျပ်(၉၈၀၀၀)၊ ကုလားပဲဟော်လန်(၁)တင်းလျှင် ကျပ်(၉၇၀၀၀)၊ ပဲကြီးဖြူ(၁)တင်းလျှင် ကျပ်(၈၃၀၀၀)၊ မြေပဲ လုံးဆံဖြူ(၁)ပိဿာလျှင် ကျပ်(၁၀၇၀၀)၊ မြေပဲလုံးဆံနီ(၁)ပိဿာလျှင် ကျပ်(၁၁၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကျန်ပဲဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း၊ ဩဂုတ်လ(ဒုတိယပတ်)နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကုလားပဲ(929) ကျပ်(၂၀၀၀)၊ ကုလားပဲဟော်လန် ကျပ်(၂၀၀၀)ဈေးကျခဲ့ပြီး ပဲကြီးဖြူ ကျပ်(၈၀၀၀)၊ မြေပဲလုံးဆံဖြူ ကျပ်(၂၀၀)၊ မြေပဲလုံးဆံနီ ကျပ်(၁၃၀၀) ဈေးမြင့်တက်ခဲ့ကြောင်း၊ တင်ပို့မှုအနေဖြင့် မန္တလေးမြို့သို့ ပဲတီစိမ်း အိတ်(၈၀၀)၊ ရန်ကုန်မြို့သို့ ကုလားပဲ အိတ်(၁၅၀၀)၊ မြေပဲ အိတ်(၂၀၀၀) စုစုပေါင်း အိတ်ရေ(၄၃၀၀) တင်ပို့ခဲ့ပြီး တန်ချိန် (၅၆၀) အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
DOCA(မကွေး)