စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ ကြီးကြပ်ကွပ်ကဲမှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၂၆)ရက်နေ့၊ နံနက်(၀၈း၃၀)နာရီအချိန်တွင် ကျွန်းလှမြို့ပေါ် ရပ်ကွက်များရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ အပတ်စဉ်သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ ကျွန်းလှမြို့နယ်အတွင်းရောင်းချနေသော ဘိလပ်မြေအရောင်းဆိုင်များတွင် ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ ဘိလပ်မြေအမျိုးအစားများ၊ တစ်အိတ်ချင်းစီ၏ တစ်အိတ်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ကုန်ပစ္စည်းလက်ကျန်အခြေအနေမျာကိုမေးမြန်းခဲ့ရာ CROWN အမှတ်တံဆိပ် 525 အမျိုးအစားတစ်မျိုးတည်းသာရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျွန်းလှမြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းနှင့် ဈေးနှုန်းအနေဖြင့် CROWN အမှတ်တံဆိပ် 525 အမျိုးအစားတစ်အိတ်လျှင် ကျပ်၁၈၅၀၀ဈေးနှုန်းဖြင့် လက်ကျန်အခြေအနေ (၃၅၀)အိတ်ရှိပြီး ဈေးနှုန်းအတက်/အကျပေါ်မူတည်၍ ရောင်းချပေးလျက်ရှိကြောင်းနှင့် ဘိလပ်မြေဆိုင်များတွင် ပစ္စည်းပြတ်လပ်မှုမရှိကြောင်း၊ ကုန်ပစ္စည်းလက်ကျန်ရှိကြောင်း ဩဂုတ်လ၊ တတိယအပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုဩဂုတ်လ နောက်ဆုံးပတ်တွင် ယခင်အပတ်အတိုင်း ဘိလပ်မြေဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းသိရှိခဲ့ရပါသည်။
DOCA(စစ်ကိုင်း)