Main menu

ကန့်ဘလူမြို့နယ်အတွင်း ရောင်းချနေသော ခရမ်းချည်သီးဈေးနှုန်း ဆက်လက်ကျဆင်းလျက်ရှိ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ ရှမ်းပြည်နယ်၊ အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချည်သီးများကို မန္တလေးတိုင်းဒေသကြီးမှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

      ခရမ်းချည်သီးများသည် ယခုအချိန်အခါကာလဖြစ်သည့် မိုးရာသီတွင် ဒေသထွက်ခရမ်းချည်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုမရှိသည့်အတွက် ရှမ်းပြည်နယ်၊ အောင်ပန်းဒေသထွက် ခရမ်းချည်သီးများကို မန္တလေးမြို့မှ မှာယူရောင်းချရပါသည်။ ရှမ်းပြည်နယ်၊ အောင်ပန်းဒေသထွက် ခရမ်းချည်သီးများမှာ ရာသီမရွေးဝယ်ယူစားသုံးနိုင်ပြီး အခွံလည်းထူ၍ အချဉ်အရသာနည်းသည့်အပြင် အလုံးအရွယ်အစားလှခြင်း၊ အထားခံခြင်းတို့ကြောင့် လူအများကြိုက်နှစ်သက်ကြပါသည်။ ယခုဩဂုတ်လ ပထမပတ်မှ စတုထ္ထပတ်အထိ ခရမ်းချည်သီးဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၃၅၀၀/၃၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်တည်ငြိမ်လျက်ရှိလာကြောင်းသိရှိရပါသည်။

      ကန့်ဘလူမြို့၏ ယခုဩဂုတ်လ နောက်ဆုံးပတ်တွင် ခရမ်းချည်သီးဈေးနှုန်းအနေဖြင့် ထိုင်ဝမ်ခရမ်းချည်သီးဈေးမှာ အလုံးအရွယ်အစားအလိုက် တစ်ပိဿာလျှင် (၁၈၀၀/၂၀၀၀)ကျပ် ဈေးနှုန်းအထိ  ဆက်လက်ကျဆင်းလျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံအရောင်းအဝယ်လုပ်နေသူများထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)