စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအသင်းအဖွဲ့များ အားကောင်းခိုင်မာလာစေရေးအတွက် ချိတ်ဆက်ဆောင်ရွက်လျက်ရှိရာ (၂၃-၈-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် ရွှေဘိုခရိုင်နှင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပတ်လျှင်တစ်ကြိမ် ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ စားသုံးဆီ လက်လီ/ လက်ကားအရောင်းဆိုင်လုပ်ငန်းရှင်များအနေဖြင့် အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိသည့် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကိုသိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၏ Website၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Pageတို့တွင် ဝင်ရောက်ကြည့်ရှု့နိုင်သည့်အကြောင်း၊ ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်၍မရကြောင်း၊ စားသုံးသူပြည်သူများက သတ်မှတ်ဈေးနှုန်းများဖြင့် အဆင်ပြေချောမွေ့စွာ စားအုန်းဆီဝယ်ယူရရှိနိုင်ရေးအတွက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူးက စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိရန် လမ်းညွှန်မှာကြားချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)