စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ခရိုင်ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့နှင့်ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၄ရက်နေ့၊ နံနက် (၀၇:၃၀) နာရီအချိန်တွင် မုံရွာမြို့၊ ပြည်ထောင်စုဈေး၌ သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။
ထိုသို့ရောင်းချခဲ့ရာတွင် ခရိုင်ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းက ပေါ်ဆန်းဆန်တစ်ပြည်လျှင် ၆၀၀၀ကျပ်ဖြင့် ၂၄ပြည်ပါအိတ် (၁၀) အိတ်ကိုလည်းကောင်း၊ ဧရာမင်းဆန်တစ်ပြည်လျှင် ၅၃၀၀ကျပ်ဖြင့် ၂၄ပြည်ပါအိတ် (၃၈) အိတ်ကိုလည်းကောင်း၊ ဧည့်မထဆန်တစ်ပြည်လျှင် ၃၃၀၀ကျပ်ဖြင့် ၂၄ပြည်ပါအိတ် (၄၅) အိတ်ကိုလည်းကောင်း၊ စုစုပေါင်း အိတ်(၉၃) အိတ်ရောင်းချပေးပြီး ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စားအုန်းဆီပိဿာ (၈၈၀) အား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)