စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏အစီအမံဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေးအတွက် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၄ရက်နေ့၊ နံနက် ၀၇:၃၀ နာရီအချိန်တွင် ကန့်ဘလူခရိုင်စုပေါင်းရုံးတွင် နိုင်ငံ့ဝန်ထမ်းများကိုရောင်းချပေးခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းတို့က သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ရောင်းချပေးရာတွင် ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင်များအသင်းက လာရောက်ဝယ်ယူကြသည့် နိုင်ငံ့ဝန်ထမ်းများ အလွယ်တကူဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးကာ စားအုန်းဆီ တစ်ပိဿာလျှင် ၆၉၀၀ကျပ်၊ ဝန်ထမ်းတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်းဖြင့် စားအုန်းဆီ ၄၉၅ပိဿာကို ဈေးနှုန်းသက်သာစွာရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)