![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၃၃၈_1.jpg?itok=56px4m1B)
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် ဩဂုတ်လ (တတိယပတ်)တွင် ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာရောင်းချသည့် အရောင်းဆိုင်များသို့ ရည်ညွှန်းစျေးထက် စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ဝယ်ယူစရိတ်နှင့် အမြတ်ရာခိုင်နှုန်းဖြင့်သာရောင်းချပြီး စိုက်ပျိုးတောင်သူများ၏ သွင်းအားစုစျေးနှုန်းများမြင့်တက်မှုမှ ကာကွယ်နိုင်ရေးအတွက် မြို့နယ်မိတ်ဖက်ဌာနအဖွဲ့အစည်းများဖြစ်ကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းကာသွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
၂၀၂၄ခုနှစ်၊ သြဂုတ်လ(တတိပတ်)တွင် ရောင်းချနေသောဈေးနှုန်းများမှာ ဖေါ်ကျွန်းပေါင်းသတ်ဆေး(250Cc)တစ်ဘူးလျှင် ကျပ်(၁၉၀၀၀)၊ ကွန်ပေါင်း(Awba) ဓါတ်မြေဩဇာမှာ (၁၅:၁၅:၁၅) ပတ်လည် 50kg တစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀)ဖြစ်ပြီး အာမို(၁၆:၁၆:၁၆) ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် ကျပ်(၁၈၀၀၀၀)၊ ယူးရီးယားတစ်အိတ်လျှင် S4 SAN အမှတ်တံဆိပ် ဓာတ်မြေဩဇာတစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀ မှ ၁၂၀၀၀၀)ဖြစ်ကြောင်းသိရပြီး တောင်သူများသွင်းအားစုအသုံးပြုကာလပေါ် သယ်ယူစရိတ်၊ အမြတ်ရာခိုင်နှုန်းအပေါ်မူတည်ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိကြောင်းသိရှိရပါသည်။
DOCA(မကွေး)