Main menu

Food Panda ဝန်ဆောင်မှုနှင့် ပတ်သက်၍ တိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရ္ပက်ပေးမှု

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် Food  Panda   ဝန်ဆောင်မှုနှင့် ပတ်သက်၍ Mobile Banking ဖြင့်ငွေလွဲ၍ Order တင်ခဲ့ရာ Order Cancel ဖြစ်သွားသော်လည်း Account ထဲ့မှ ဖြတ်သွားသောငွေအား သတ်မှတ်ချိန်ကျော်လွန်သည်အထိ ပြန်လည်ပေးအပ်ခြင်းမရှိသောကြောင့် စားသုံးသူရေးရာဦးစီဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ဆက်သွယ်တိုင်ကြားလာပါသည်။

    အဆိုပါတိုင်ကြားမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက Food Panda ဆိုင်သို့ မည်သို့ဆောင်ရွက်ပေးနိုင်ရေး ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ဆိုင်တာဝန်ခံမှ တိုင်ကြားသူ၏ Bank Account ထဲ့မှ ဖြတ်သွားသောငွေပမာဏအပြင် စောင့်ဆိုင်းကြန့်ကြာမှုအတွတ် အပိုဆောင်းငွေကိုပါ ပြန်လည်ပေးဆောင်ပြီးဖြစ်ကြောင်း အကြောင်းပြန်ကြားလာသဖြင့် ဌာနမှတိုင်ကြားသူထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်း အတည်ပြုရာတွင် Food  Panda  မှ ကျေနပ်အောင် ဖြေရှင်းပေးခဲ့သည့်အတွတ် တိုင်ကြားမှုအား ပိတ်သိမ်းလိုကြောင်း ပြန်လည်ဖြေကြားခဲ့သဖြင့် အမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။ စားသုံးသူများအနေဖြင့်  မိမိတို့နစ်နာဆုံးရှုံးမှု  အမှန်တကယ် ဖြစ်ပေါ်ခဲ့ပါက ဆုံးရှုံးမှုများကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ တိုင်ကြား၍ လမ်းကြောင်းမှန်ဖြင့် အချိန်တိုအတွင်း ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်နိုင်သည့် တိုင်ကြားမှုသာဓက တစ်ခုအဖြစ် အသိပေးအပ် ပါသည်။

DOCA(ရန်ကုန်)