Main menu

တိုင်းရင်းဆေးများနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    အသက်အရွယ်ကြီးမားသည့် လူကြီးများနှင့် ကလေးသူငယ်များ အများဆုံးအသုံးပြုသည့် ဆေးဝါးဖြစ်သည့်အတွက် ဘေးအန္တရာယ်မရှိစေရန် (၂၂.၈.၂၀၂၄) ရက်နေ့တွင် ကမာရွတ်မြို့နယ် လှည်းတန်းဈေးနှင့် (၂၃.၈.၂၀၂၄) ရက်နေ့တွင် ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးတို့တွင် ကွင်းဆင်းစစ်ဆေးခဲ့ရာ လှည်းတန်းဈေးရှိ ဦးသိန်းဟန်+ဒေါ်မြရီဆေးဆိုင်တွင် အံ့ဖွယ်ခေါင်းကိုက် ပျောက်ဆေး၊ အဘထရှုဆေး၊ လင်ဇီးဒဏ်ကြေလိမ်းဆေး၊ စင်္ကြာမင်းအရိုးကျီးပေါင်းဆေး၊ ပန်းဝတ်မှုန်အပူငြိမ်းဆေး၊ ဆရာခိုအနာလိမ်းဆေး၊ ရှမ်းပျိုမယ် ရွှေရုပ်လွှာသွေးဆေး၊ ကေသီပန် သွေးပုပ်ချဆေးတို့အားစစ်ဆေးခဲ့ပြီး ကမ်းနားဈေးအတွင်းရှိ နေလဆေးဆိုင်တွင် ဆရာမိုးဝမ်းမှန်ဆေး၊ ဆန္ဒမွန်ဆီးဝမ်းလေမှန်ဆေး၊ မှန်ချိုသလိပ်ပျော်ဆေး၊ ရှမ်းရိုးမအကြောပြေဆေး၊ ကချင် အကြောလိမ်းဆေး၊ မင်္ဂလာရွှေအုပ်အစာအိမ်ဆေး၊ ရွှေဝါဝင်းနံ့သာသွေးဆေး၊ ပြည်သူသဒ္ဒါ သွေးဆေးကြီးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည် ကိုစစ်ဆေးတွေ့ရှိရပါသည်။

DOCA(ရန်ကုန်)