တရုတ်နိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာန(MOC)သည် ဗီယက်နမ်-တရုတ် စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးတက်ရန်နှင့် အဆင့်မြှင့်တင်ရန် စီမံချက်များချမှတ်သွား မည်ဖြစ်ကြောင်း ဌာန၏ပြောခွင့်ရပုဂ္ဂိုလ် Ha Yadong က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။ He က လတ်တလောနှစ်များအတွင်း နှစ်နိုင်ငံကြားကုန်သွယ်ရေးသည် လျင်မြန်စွာ ကြီးထွားခဲ့ပြီး အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးသည်လည်း စံချိန်တင်ရလဒ် ထွက်ပေါ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ He ၏ အဆိုအရ တရုတ်သည် လတ်တလောတွင် ဗီယက်နမ်၏အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်နှင့် ဗီယက်နမ်လယ်ယာထွက်ကုန်များတင်ပို့ရာ အကြီးမားဆုံးဈေးကွက်ဖြစ်ကြောင်း သိရှိှိရသည်။ ဗီယက်နမ်၏ ဒူးရင်းသီးနှင့်နဂါးမောက်သီးတို့ကို တရုတ်စားသုံးသူများက သဘောကျနှစ်သက်လျက်ရှိပြီး အဆိုပါအသီးများကို တရုတ်က ဗီယက်နမ်ထံမှ တင်သွင်းမှုသည် ၎င်းတို့၏ အာဆီယံဒေသထံမှ စုစုပေါင်းတင်သွင်းမှု၏ ၅ ပုံ ၁ ပုံ ရှိကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်သည် တရုတ်အတွက် အရေးကြီးသောရင်းနှီးမြှုပ်နှံရာ ဦးစားပေးနေရာဖြစ်ကြောင်း သိရှိှိရသည်။ တရုတ်ကုမ္ပဏီများသည် ဗီယက်နမ်၌ လေစွမ်းအင်နှင့် ဆိုလာစွမ်းအင်စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုပြုခဲ့ကြပြီး ဗီယက်နမ်၏ အစိမ်းရောင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင် သိသာစွာ ထွက်ပေါ်လာခဲ့ကြောင်း သိရှိှိရသည်။ He က ဝန်ကြီးဌာနသည် နှစ်နိုင်ငံနှင့်နှစ်နိုင်ငံပါတီများမှ အမြင့်ပိုင်းခေါင်းဆောင်များ အကြား အရေးပါသောသဘောတူညီချက်များအား ထိရောက်စွာ အကောင်အထည်ဖော်လျက်ရှိကြောင်း အခိုင်အမာပြောကြားခဲ့ပါသည်။ မကြာမီကျင်းပမည့် ၇၅ ကြိမ်မြောက် သံတမန်ဆက်ဆံရေး နှစ်ပတ်လည်ပွဲသည် နှစ်နိုင်ငံကြား စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန် နှင့် အဆင့်မြှင့်တင်ရန် ရည်ရွယ်သည့် များစွာသော စီမံချက်များကို မိတ်ဆက်ရန် အခွင့်အလမ်းဖြစ် ကြောင်း He က ဖြည့်စွက်ပြောကြားခဲ့ပါသည်။ တရုတ် စီးပွားကူးသန်းဝန်ကြီးဌာနအနေဖြင့်လည်း အရည်အသွေးမြင့် စိုက်ပျိုးရေးနှင့်စက်မှုထုတ်ကုန် များ ထုတ်လုပ်သည့်လုပ်ငန်းများ ကျယ်ပြန့်လာ စေရန် တရုတ်၏ နိုင်ငံတကာသွင်းကုန်ပြပွဲ၊ Canton ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံကုန်စည် ပြပွဲစသည့် ကုန်သွယ်ရေး ပလက်ဖောင်း များတွင် စီးပွားရေးအဖွဲ့အစည်းများ၌ ရင်းနှီးမြှုပ်နှံမှုကို ပံ့ပိုးသွားမည်ဟု သိရပါသည်။ ၎င်းသည် ဒစ်ဂျစ်တယ်စီးပွားရေးနှင့်အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုတို့ တွင် အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းရန်နှင့် နှစ်ဖက်လုံးအဆင်ပြေအောင်မြင်သည့် ပူးပေါင်း ဆောင်ရွက်မှု အရှိန်မြှင့်တင်ရန် အတွက် မောင်နှင်အားတစ်ခုအဖြစ် လုပ်ဆောင်လိမ့်မည်ဟု သိရပါ သည်။ ဝန်ကြီးဌာနသည် ဒေသတွင်း ကျယ်ပြန့်သော စီးပွားရေးအဖွဲ့အစည်း၏ အကျိုးကျေးဇူးရရှိ မှုကို ကျားကန်ယူ၍ ASEAN-China Free Trade Area 3.0 ကို အဆင့်မြှင့်တင်ရန်အတွက် ဆွေးနွေး မှုများ အရှိန်မြှင့်တင်ကာ ပိုမိုအားကောင်းသော စီးပွားရေးပေါင်းစပ်မှုဖြစ်လာစေရန် မျက်စိကျလျက်ရှိကြောင်း သိရှိသည်။
DOCA(ရန်ကုန်)