Main menu

တောင်ငူမြို့ အထက(၂)ကျောင်းမုန့်ဈေးတန်းတွင်ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်နှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်းကာ  တောင်ငူမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းချက်များအရ ဩဂုတ်လ ၂၃ရက်နေ့ နံနက်ပိုင်းတွင် ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

     အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းမုန့်ဈေးတန်းတွင် အသင့်စားမုန့်များ၊ အသင့်သောက်အချိုရည်များ၊ မြန်မာ့ရိုးရာမုန့်များ၊ အသုပ်များ၊ သစ်သီးသုပ်များကိုရောင်းချလျက်ရှိ ရာ အသင့်စားမုန့်များနှင့် အချိုရည်များတွင်ပါရှိသော ကုန်အညွှန်းအမှတ်အသားများအား စစ်ဆေးခြင်း၊ မြန်မာ့ရိုးရာမုန့်များ၊ အသုပ်စုံများနှင့် သစ်သီးသုပ်များတွင် စားသုံးရန်မသင့်သည့် ဓါတုဆေးများ မပါရှိစေရေးနှင့် သန့်ရှင်းမှု ရှိ/ မရှိ စစ်ဆေးခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

     စားသုံးသူရေးရာဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူးမှ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ် အသားဖော်ပြထားခြင်းမရှိသော မုန့်နှင့်အချိုရည်များအား ရောင်းချခြင်းမပြုရန်ကိုလည်းကောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက အစားအသောက်များသန့်ရှင်းရေး၊ ဓါတုဆေးဝါးများမရှိစေရေးတို့ကိုလည်းကောင်း  ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အခြေခံပညာဦးစီးဌာန၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုးအောင်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဌာနခွဲစာရေး ဒေါ်သူသူဟန်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်ဇင်မာဌေးတို့ဦးဆောင်သောဝန်ထမ်းများ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိှိရသည်။

DOCA(ပဲခူး)