Main menu

တောင်ငူမြို့ ဈေးများတွင် ပင်မှည့်သီးများပေပြီ

Powered by Drupal

    ပင်မှည့်သီးများကို မိုးတွင်းအခါတွင် အပေါဆုံးတွေ့ရပါသည်။ ဗီတာမင်စီ၊ သံဓါတ်၊ အမျှင် ဓါတ်၊ ရေဓါတ်များပါဝင်ခြင်းကြောင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး လူကြီး၊ လူငယ်မရွေး စားသုံးသင့်သည့် အသီးတစ်မျိုးဖြစ်ပါသည်။ ချိုချဉ်အရသာရှိပြီး ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါရှိသဖြင့် ခန္ဓာကိုယ်အတွင်းရှိ အဆိပ်တောက်များကို ဖယ်ရှားပေးပါသည်။

     သြဂုတ်လ နောက်ဆုံးအပတ်တွင် တောင်ငူမြို့ရှိဈေးများတွင် ပင်မှည့်သီးတစ်ပိဿာလျှင် ၅၀၀၀ ကျပ်ရောင်းချပါသည်။ တစ်ပိဿာလျှင် ၁၅ လုံးမှ အလုံး ၂၀အထိ ပါဝင်ပါသည်။ ပါးစပ်ပျက်၍ အစားအသောက်မကောင်းသူများအတွက် ခံတွင်းကောင်းစေသည့် ပင်မှည့်သီးဖျော်ရည်ကို လူများကြိုက်နှစ်သက်၍ ရောင်းရကြောင်း ပင်မှည့်သီးရောင်းသူများထံမှ သိရှိရပါသည်။

DOCA(ပဲခူး)