Main menu

တောင်ငူခရိုင် ဖြူးမြို့တွင် အရံဟင်းလျာဖြစ် စားသုံးသောပဲများ ဈေးတက်

Powered by Drupal

     တောင်ငူခရိုင် ဖြူးမြို့တွင် မြေပဲဆံ(အဖြူ) (အနီ)မှာ ယခင်လက တစ်ပိဿာလျှင် ၈၅၀၀ ကျပ်ရှိရာမှ သြဂုတ်‌လနောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၁၂၅၀၀ ကျပ်ဖြင့် ဈေးနှုန်း ၄၀၀၀ ကျပ်တက်ကြောင်းသိရှိရပါသည်။

     ကုလားပဲခြမ်းမှာ ယခင်လက တစ်ပိဿာလျှင် ၆၂၀၀ကျပ်ရှိရာမှ ယခုသြဂုတ်လ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၇၆၀၀ကျပ်ဖြင့် ဈေးနှုန်း ၁၄၀၀ကျပ်မြင့်တက်ခဲ့ပြီး ကုလားပဲလုံးမှာ ယခင်လက တစ်ပိဿာလျှင် ၅၅၀၀ ကျပ်ရှိရာမှ ယခုသြဂုတ်လနောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်း ၁၅၀၀ကျပ် မြင့်တက်ကြောင်းသိရှိရပါသည်။

    အရံဟင်းလျာအဖြစ် ချက်စားကြသော ကတ္တီပါပဲခေါ် ပဲနီပြားမှာ ယခင်လက တစ်ပြည် လျှင် ၉၀၀၀ကျပ်ရှိရာမှ ယခုသြဂုတ်လတွင် တစ်ပြည်လျှင် ၁၁၀၀၀ကျပ်ရှိသဖြင့် ဈေးနှုန်း ၂၀၀၀ ကျပ်၊ ပဲလွန်းဖြူမှာ ယခင်လက တစ်ပြည်လျှင် ၆၅၀၀ ကျပ်ရှိရာမှ ယခုသြဂုတ်လနောက်ဆုံးအပတ် တွင် တစ်ပြည်လျှင် ၇၀၀၀ကျပ်ဖြင့် ဈေးနှုန်း ၅၀၀ကျပ်မြင့်တက်၍ ပဲနောက်မှာ ယခင်လက တစ်ပြည်လျှင် ၆၅၀၀ ကျပ်ရှိရာမှ ယခုသြဂုတ်လနောက်ဆုံးအပတ်တွင် ၇၅၀၀ ကျပ်ဖြင့် ဈေးနှုန်း ၁၀၀၀ ကျပ် မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)