စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူးသည် (၂၂-၈-၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကြံခင်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချသော အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ထားသော သတ်မှတ်စံချိန်/စံညွှန်းများနှင့်ကိုက်ညီသော အချိုရည်များကိုသာရောင်းချရန်၊ကုန်စည်နှင့်စပ်လျဉ်း၍အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကိုအသိပညာပေးပြောကြားခဲ့ပြီး ကုန်မျိုးစုံဆိုင်(၇)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင် ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)