Main menu

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ရှိ ရေကြီးနစ်မြုပ်ခြင်းခံရသော လယ်ဧကများအား ပြန်လည်စိုက်ပျိုးနိုင်ရေး မြေပြင်အခြေအနေကွင်းဆင်းဆွေးနွေးမှု

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စိုက်တိုးမြှင့်အဖွဲ့တို့နှင့်အတူ (၂၈-၈-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ ရေကြီးနစ်မြုပ်ခြင်းခံရသောလယ်ဧကများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းကြည့်ရှုဆွေးနွေးခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းရာ၌ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက နှစ်စဉ် ဇူလိုင်လ၊ ဩဂုတ်လများတွင် ရေဘေးအန္တရာယ်ကြုံရလျက်ရှိပြီး မိုးရွာသွန်းမှု၊ မြစ်ရေကြီးမှုအခြေအနေများသည် ယခင်နှစ်များထက် ပိုမိုများပြားလာသောကြောင့် မသန့်ရှင်းသောရေအရင်းအမြစ်များကိုမသုံးစွဲကြရန်၊ ရေစိုပြီး အနံ့အသက်မကောင်းသော အစားအစာများကိုမစားကြရန်၊ အရေးပေါ်သုံးပစ္စည်းများစားနပ်ရိက္ခာနှင့် အရေးကြီးစာရွက်စာတမ်းများကို မိမိနှင့်အတူထားရှိရန်၊ ရေကျသွားချိန်တွင် ရေကြီးနစ်မြုပ်ပျက်စီးသည့် လယ်ဧကများ၌ မိုးစပါးများ အချိန်မီအစားထိုးပြန်လည်စိုက်ပျိုးနိုင်ရေးအတွက်    စိုက်တိုးမြှင့်အဖွဲ့ကပြောကြားထားသော   နည်းလမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်ကြရန်နှင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အခက်အခဲကြုံတွေ့ရပါက နီးစပ်ရာကယ်ဆယ်ရေးအဖွဲ့၊ အစိုးရဌာနများသို့ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ပါကြောင်း  အသိပေးဆွေးနွေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ဧရာဝတီ)