Main menu

မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာမှ တာဝန်ရှိသူများသည် မအူပင်မြို့တွင် အွန်လိုင်းဖြင့် ကုန်စည်ရောင်းချသူလုပ်ငန်းရှင်များအား အွန်းလိုင်မှတ်ပုံတင်ခြင်းအတွက် တွေ့ဆုံဆွေးနွေး

Powered by Drupal

       ၂၉-၈-၂၀၂၄ ရက်နေ့၊ နေ့လယ်  ၁၃း၃၀ နာရီအချိန်တွင် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ eComReg System (https://www.ecomreg.gov.mm)တွင် မှတ်ပုံတင်နိုင်ကြောင်းကို  အွန်လိုင်းစနစ်ဖြင့်ရောင်းချသူများ(Online Sales) မှတ်ပုံတင်နိုင်ရေး အသိပညာပေးခြင်းကို ခရိုင်အစားအသောက်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ မအူပင်မြို့မှ အွန်လိုင်းဖြင့်ရောင်းချသူလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခဲ့သည်။

       ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဒု-ခရိုင်ဦးစီးမှူးတို့က မအူပင်မြို့နယ်တွင် အွန်းလိုင်မှတစ်ဆင့်ရောင်းချသောလုပ်ငန်းရှင်များကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)နှင့် (၅၁/၂၀၂၃)အရ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်လျှောက်ထားနိုင်ရေးအတွက် မှတ်ပုံတင်လျှောက်ထားသည့်စနစ်ကိုရှင်းလင်းပြောကြားခဲ့သည်။

      ထို့နောက် ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်က အွန်လိုင်းစနစ်ဖြင့်မှတ်ပုံတင်ရန်နည်းလမ်းများ၊ မှတ်ပုံတင်ရာတွင် ပူးတွဲတင်ပြရမည့်အချက်များ၊ မှတ်ပုံတင်မည့်သူများ သိရှိလိုက်နာရမည့်စည်းကမ်းချက်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း(Online Sales)၊ လုပ်ငန်းမှတ်ပုံတင် (အသစ်)လျှောက်ထားရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်များ၊ မှတ်ပုံတင်လျှောက်ထားရာတွင် သိရှိရန်အချက်များစသည်တို့ကို ပြည့်ပြည့်စုံစုံဆွေးနွေးပြီးနောက် Online Page ထောင်၊ Onlineမှ ရောင်းချသူအားလုံးအကျုံးဝင်သဖြင့် Online မှတ်ပုံတင်ကြေးနှုန်းထားများကိုရှင်းလင်းပြောကြားပြီး Online ရောင်းချခြင်းဆိုင်ရာ လိမ်ညာမှုများကိုလည်း သာဓကပေးရှင်းလင်းပြောကြားခဲ့သည်။

      ဆက်လက်၍ အမိန့်ကြော်ငြာစာအမှတ်(၅၁/၂၀၂၃)အရ အွန်လိုင်းစနစ်ဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုရောင်းချသူများအားလုံးသည် မှတ်ပုံတင်လက်မှတ်လျှောက်ထားရန် အကျုံးဝင်ပြီး မှတ်ပုံတင်လက်မှတ်လျှောက်ထားလိုသူသည် ရုံး၊ ဌာနများသို့ လူကိုယ်တိုင်လာရောက် ဆောင်ရွက်ရန်မလိုအပ် ဘဲ www. ecomreg. gov. mm မှတစ်ဆင့် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂ရက်နေ့မှစတင်၍ အွန်လိုင်းစနစ်ဖြင့် လျှောက်ထားဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ လုပ်ငန်းရှင်အွန်လိုင်မှတ်ပုံတင်ရန် အခက်အခဲရှိပါက စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကူညီဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တက်ရောက်လာသည့် မအူပင်မြို့နယ်လုပ်ငန်းရှင်(၁၂)ကျော်တက်ရောက်ခဲ့ပြီး ၎င်းတို့၏မေးခွန်းများမေးမြန်းခဲ့မှုအပေါ် သက်ဆိုင်ရာခရိုင်ဦးစီးမှူးနှင့် ဒုခရိုင်ဦးစီးမှူးတို့က ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရသည်။

DOCA(ဧရာဝတီ)