Main menu

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း စီးပွားရေးလုပ်ငန်းရှင်အသိပညာပေး Talk Show ဆွေးနွေးကျင်းပခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန် ခံသည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်ပူပေါင်း၍ ၂၀၂၄ခုနှစ်၊ဩဂုတ်လ (၂၆) ရက်နေ့၊နံနက်(၁၀:၀၀)အချိန်တွင်အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း စီးပွားရေးလုပ်ငန်းရှင်အသိပညာပေး Talk Show ဆွေးနွေးပွဲကို ဖျာပုံခရိုင် ပြန်/ဆက်ရုံး (Community Centre) ခန်းမတွင်ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရှိရပါသည်။

     အဆိုပါဆွေးနွေးပွဲတွင် ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက “ Talk Show ” ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူ ရေးရာမြို့နယ်တာဝန်ခံ ဦးမင်းဇော်က စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့တွင်  ထုတ်ပြန်ခဲ့ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချမည့် လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်လျှောက်ထားပြီးမှသာရောင်းချရမည်ဖြစ်ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြီး(၆)လပြည့်သည့်နေ့ရက်မှစ၍ မှတ်ပုံတင်မရှိဘဲရောင်းချသည့် အွန်လိုင်းရောင်းချသူများကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင် မှု ဥပဒေပုဒ်မ (၅)ဖြင့်အရေးယူသွားမည်ဖြစ်ကြောင်း၊အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများမှတ်ပုံတင်ခြင်းအတွက် အင်တာနက်ရရှိသည့် မည်သည့်နေရာတွင်မဆို အွန်လိုင်းမှ လျှောက် ထားထုတ် ယူနိုင်သော eComReg  System ကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာ(၂)ရက်နေ့တွင်စတင်၍အသုံးပြုခဲ့ကြောင်း၊ မှတ်ပုံတင်လက်မှတ်သက်တမ်းမှာ စတင်ထုတ်ပေးသည့် နေ့ရက်မှစ၍ (၂)နှစ်သက်တမ်းဖြစ်ကြောင်း၊ မှတ်ပုံတင်ရာတွင် ပူးတွဲတင်ပြရမည့်အချက်များ၊ စည်းကမ်းချက်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များကိုလည်းရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)