Main menu

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးကျင်းပခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူပေါင်း၍ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(၂၉) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ဒေးဒရဲမြို့  ပြန်/ဆက်ရုံး (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် ဒေးဒရဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ    ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်မက      “Talk Show” ကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာမြို့နယ်တာဝန်ခံ ဦးသိန်းမောင်က စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့တွင်  ထုတ်ပြန်ခဲ့ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချမည့် လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်လျှောက်ထားပြီးမှသာ ရောင်းချရမည်ဖြစ်ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြီး (၆)လပြည့်သည့်နေ့ရက်မှစ၍  မှတ်ပုံတင်မရှိဘဲ ရောင်းချသည့်အွန်လိုင်းရောင်းချသူများကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ(၅)ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများမှတ်ပုံတင်ခြင်းအတွက် အင်တာနက်ရရှိသည့် မည်သည့်နေရာတွင်မဆို အွန်လိုင်းမှ လျှောက်ထားထုတ်ယူနိုင်သော eComReg  System ကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာ(၂)ရက်နေ့တွင်စတင်၍ အသုံးပြုခဲ့  ကြောင်း၊ မှတ်ပုံတင်လက်မှတ်သက်တမ်းမှာ စတင်ထုတ်ပေးသည့်နေ့ရက်မှစ၍ (၂)နှစ်သက်တမ်းဖြစ်ကြောင်း၊  မှတ်ပုံတင်ရာတွင် ပူးတွဲတင်ပြရမည့်အချက်များ၊ စည်းကမ်းချက်များအကြောင်းကို  လည်းရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)