Main menu

မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ ညွှန်ကြားချက်နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တတိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍ ဝန်ထမ်းများသည် မုံရွာစီးပွားရေးတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ရာ၌ မုံရွာစီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခိုင်မာလှိုင်က အဖွင့်အမှာစကားပြောကြားရာ စီးပွားရေးတက္ကသိုလ်မှ ဌာနမှူး ဆရာ/ ဆရာမများ၊ အရာထမ်းအမှုထမ်းဝန်ထမ်းများ၊ စုစုပေါင်း(၁၃၀)ဦးတက်ရောက်ကြောင်း သတင်းရရှိပါသည်။

   အဆိုပါပညာ‌ပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ရီလင်းထွဋ်က စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဖွဲ့စည်းဆောင်ရွက်မှုများအကြောင်း၊ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာအကြောင်း၊ Online Sale ဆိုင်ရာသိသင့်သည့် အချက်အလက်များအကြောင်း၊ ပြည့်စုံစွာရှင်းလင်းဆွေးနွေးခြင်း၊ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်ခိုင်မို့မို့က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားအကြောင်း၊ တိုင်ကြားမှုများအား လက်ခံညှိ့နှိုင်းဖြေရှင်းဆောင်ရွက်ခြင်းများအကြောင်းကို ရှင်းလင်းဆွေးနွေးခြင်းနှင့် တက်ရောက်လာသူများ၏ သိလိုသည်များအား  ဒုတိယတိုင်းဒေသကြီးဦးစီးမှူးက ရှင်းလင်းဖြေကြားပြီး ဌာန၏ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ၍ စားသုံးသူကာကွယ်ရေးပညာပေးဟောပြောပွဲကို အောင်မြင်စွာကျင်းပဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)