Main menu

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၏ ဩဂုတ်လတွင် စားသုံးသူအသိပညာပေးလုပ်ငန်းများဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

    စစ်ကိုင်တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်၊ စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်နိုင်ရန်အတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ၊ စားသုံးသူတိုင်ကြားမှုဖြေရှင်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ အ.ထ.က(၂)ကျောင်း၏ ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် အသိပညာပေးပြပွဲကျင်းပခြင်း၊  စားသုံးသူရေးရာကော်မတီအစည်းအဝေး(၁)ကြိမ်၊ မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်တွင် အသိပညာပေးဟောပြောပွဲကျင်းပခြင်း၊  မုံရွာမြို့၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် Online Sale နှင့်ပတ်သက်သည့် အသိပညာပေးဟောပြောပွဲကျင်းပခြင်း၊ ကလေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကလေးခရိုင်၊ တမူးမြို့၊ ဆော်ဘွားရပ်ကွက် အ.ထ.က(၂)ကျောင်းတွင်လည်ကောင်း၊ ကလေးမြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင်လည်းကောင်း၊  ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ အ.လ.က(ခွဲ)ကျောင်းတွင်လည်းကောင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ အ.မ.က(၄)ကျောင်းတွင်လည်းကောင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ အ.လ.က ကျောင်းတွင်လည်ကောင်း၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စစ်ကိုင်းမြို့၊ နည်းပညာတက္ကသိုလ်တွင်လည်ကောင်း၊ စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်ရှိ ဒီဇယ်စက်ခေါင်း စက်ရုံသင်တန်းကျောင်းတွင်လည်းကောင်း၊ မုံရွာမြို့နယ်တာဝန်ခံရုံးအနေဖြင့် မုံရွာမြို့ပေါ်ရှိ အ.ထ.က(၂) ကျောင်းတွင်လည်ကောင်း၊ မုံရွာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ကွန်ပျူတာသင်တန်းတွင်လည်းကောင်း၊ မုံရွာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌  Online Sale နှင့်ပတ်သက်သည့် အသိပညာပေး Talk Show (၁)ကြိမ်၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရွှေဘိုခရိုင်ထွေအုပ်အစည်းအဝေးခန်းမတွင် ဆန်သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခြင်း၊ ရွှေဘိုမြို့၊ မြို့ပြနှင့်အိမ်ယာဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာတွင် မုန့်မျိုးစုံလုပ်ငန်းရှင်များအားအသိပညာပေးခြင်း စုစုပေါင်း(၁၅)ကြိမ်နှင့် ၂၀၂၄ခုနှစ်၊ ဩဂုတ်လအတွင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ရာဌာန၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူအခွင့်အရေးများ၊ တာဝန်များ၊ ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူတိုင်ကြားမှုဖြစ်စဉ်များကို အသိပညာပေးဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

         လုပ်ငန်းရှင်များနှင့်  တွေ့ဆုံဆွေနွေးအသိပညာပေးမှုများကိုလည်း တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် (၂)ကြိမ်၊ ကလေးခရိုင်ဦးစီးမှူးအနေဖြင့် (၄)ကြိမ်၊ ကသာခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၂)ကြိမ်၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် (၂)ကြိမ်၊ စစ်ကိုင်းတိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့်( ၆)ကြိမ်၊ မုံရွာမြို့နယ် တာဝန်ခံရုံးအနေဖြင့် (၂)ကြိမ်၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၂)ကြိမ်၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၄)ကြိမ်၊ စုစုပေါင်း(၂၄)ကြိမ်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးဆောင်ရွက်ခြင်းများပြုလုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်တို့၏တာဝန်များ၊ လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံများ၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပြည့်စုံစွာဖော်ပြပေးရန်နှင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊  စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ရန်အချက်များကို ရှင်းလင်းဆွေးနွေးအသိပညာပေးခြင်း၊ ရည်ညွှန်းဈေးသတ်မှတ်ထားသောကုန်စည်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချစေရေး ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်နှင့်သက်ဆိုင်သော လက်ကမ်းစာစောင်များ၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)