Main menu

ကန့်ဘလူမြို့နယ်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံး၊ မြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းသည် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၉ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်၊ “သိန်းသန်းဖြိုး”ဆန်စက်၌ ကန့်ဘလူမြို့ပေါ်ရှိ ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်။

      အဆိုပါဆွေးနွေးပွဲတွင် တာဝန်ခံက တက်ရောက်လာသူများအား စားသုံးသူ၏အဓိပ္ပါယ်၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်ကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃)ဖြင့်ထုတ်ပြန်ခဲ့ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကို အမိန့်ကြော်ငြာစာအမှတ်(၅၁/၂၀၂၃)ဖြင့်ထုတ်ပြန်ခဲ့ကြောင်း၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဝယ်ယူရာတွင် ရရှိနိုင်မည့်အကျိုးရလဒ်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းရှင်များသည် မှတ်ပုံတင်လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးနှင့်တာဝန်များကိုရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)