စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၇.၈.၂၀၂၄)ရက်နေ့ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ တာငါးဆယ်(မ)ရပ်ကွက်၊ ဈေးကလေးလမ်းရှိ ခရိုင်ဦးစီးမှူးရုံး၌ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းက လုပ်ငန်းရှင်များအား မိတ်ဆက်စကားပြောကြားခဲ့ပြီး အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်ပတ်သက်သည့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်မှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းကိုမှတ်ပုံတင်လျှောက်ထားပြီးမှ လုပ်ကိုင်ရန်၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး(၆)လပြည့်သည့်နေ့ရက်မှစ၍ မှတ်ပုံတင်မရှိပဲရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်တွင်အခြေခံဆောင်ရွက်ထားသည့်အချက်များ၊ စနစ်တွင်ပါဝင်သည့်လုပ်ငန်းစဉ်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုအုပ်စုသတ်မှတ်ချက်များ၊ လျှောက်ထားရန် အခြေခံလိုအပ်ချက်များ၊ e-ComReg System ဖြင့် Online Sales မှတ်ပုံတင်လက်မှတ်လျှောက်ထား၊ ထုတ်ယူမှု အဆင့်ဆင့်တို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)