Main menu

ပန်းတနော်မြို့နယ်တွင် အသင့်စားမုန့်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၌ အသင့်စားမုန့်အမျိုးမျိုးနှင့် စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို (၂၈.၈.၂၀၂၄)ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ပေါင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က မြို့ပေါ်ရပ်ကွက်(၄)ခု၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံရုံးမှ ဦးအောင်ကျော်သက်နှင့် တာဝန်ရှိသူအသီးသီးတို့က စျေးကွက်အတွင်း ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အမှတ်အသားပြည့်စုံစွာဖော်ပြခြင်းရှိ/ မရှိ ၊သက်ဆိုင်ရာဌာနများက ကန့်သတ်တားမြစ်ထားသည့်မုန့်များ ရောင်းချခြင်းရှိ/ မရှိ၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သော မုန့်များရောင်းချနေမှုရှိ/ မရှိတို့အား စစ်ဆေးခြင်း၊ သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှခွင့်ပြုထားသော ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော အသင့်စားမုန့်များကိုသာ စျေးကွက်အတွင်းရောင်းချခြင်းများပြုလုပ်ကြရန်နှင့် စျေးကွက်အတွင်း ရောင်းချခြင်းမပြုသည့်မုန့်များကို ရှောင်ရှားကြရန် ဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)