Main menu

ပဲခူးမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၉.၈.၂၀၂၄)ရက်နေ့ နံနက် (၀၈:၃၀)နာရီအချိန်တွင် နန်းတော်ရာရပ်ကွက်အတွင်းရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းခွဲတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ပထမဦးစွာ အမှတ်(၄) အထက်တန်းကျောင်းခွဲရှိ ကျောင်းအုပ်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက် လာပုံ၊ စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ စားသုံးသူများ၏အခွင့်အ‌ရေးနှင့် တာဝန်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး အွန်လိုင်းမှတဆင့်ဝယ်ယူရောင်းချခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများ၊ အွန်လိုင်းမှ ဈေးဝယ်ယူခြင်း၏ အားသာချက်၊ အားနည်းချက်များ၊ အွန်လိုင်းမှ လိမ်လည်မှုများ၊ စားသုံးသူများအနေဖြင့် အွန်လိုင်းမှ ဈေးဝယ်ယူရာတွင် စိစစ်သင့်သည့် အချက်အလက်များအား ရှင်းလင်းပြောကြားပြီး အွန်လိုင်းရောင်းဝယ်မှုပြုလုပ်မည်ဆိုပါက မှတ်ပုံတင်ခြင်း ဆိုင်ရာနည်းလမ်းများအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသား/ ကျောင်းသူများမှ မေးမြန်းချက်များကို ပြန်လည်ဆွေးနွေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ကျောင်းသား/ ကျောင်းသူ(၂၂၀)ဦးနှင့် ဆရာ/ ဆရာမ (၄၆)ဦး တက်ရောက်ကာ ဟောပြောဆွေးနွေးပွဲကို နံနက် (၁၀:၅၀) နာရီအချိန်တွင် ပြီးမြောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)