
၂၇-၈-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ထန်းတပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ထန်းတပင်မြို့နယ်တာဝန်ခံ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်နှင့်မြို့မဈေးမှ တာဝန်ခံတို့သည် စားသုံးဆီဖြန့်ဖြူးသည့်ကုမ္ပဏီ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လက်လီ/ လက်ကားကိုယ်စားလှယ်များနှင့် အစည်းအဝေးပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါ အစည်းအဝေးတွင် စားသုံးဆီဖြန့်ဝေရောင်းချမှုနှင့်ပတ်သက်၍ မြို့နယ်အတွင်းရှိ အိမ်ထောင်စုအလိုက် ဖြန့်ဝေပေးရမည်ဖြစ်၍ မှတ်တမ်းစာအုပ်ပြုလုပ်ရမည်ဖြစ်ကာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကုမ္ပဏီတာဝန်ရှိသူများပူးပေါင်းကာ အိမ်ထောင်စုတစ်စုချင်းစီအလိုက် စားသုံးဆီအမှန်တကယ်ရရှိရေးဆောင်ရွက်ရန်၊ မိမိတို့ရပ်ကွက်၊ ကျေးရွာအတွင်းရှိ အိမ်ထောင်စုစာရင်း၊ ဧည့်စာရင်းမိတ္တူများရရှိရေး အမြန်ဆုံးဆောင်ရွက်၍ မြို့နယ်ရုံးသို့တင်ပြရန်နှင့် စားသုံးဆီဖြန့်ခွဲမှုနှင့်ပတ်သက်သည့် အစီအမံများအား ချပြရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် အစည်းအဝေးတက်ရောက်လာသူများ၏ တင်ပြဆွေးနွေးမှုများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)