Main menu

ကားရောင်းချမှုအရှိန်မြှင့်တင်ရန် မှတ်ပုံတင်သွင်းကြေးများကို ဗီယက်နမ်အစိုးရ လျှော့ချမည် ဗီယက်နမ်နိုင်ငံအစိုးရသည် ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်ကားများအတွက် မှတ်ပုံတင်

Powered by Drupal

    ဗီယက်နမ်နိုင်ငံအစိုးရသည် ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်ကားများအတွက် မှတ်ပုံတင်ကြေးအား ၅၀ရာခိုင်နှုန်းယာယီဖြတ်တောက်ပေးမည်ဟု ဩဂုတ်လ ၃၀ရက်နေ့တွင် ကြေညာခဲ့ကြောင်းသိရပါသည်။ အဆိုပါမူဝါဒသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၁ရက်နေ့မှ နိုဝင်ဘာလ ၃၀ရက်နေ့အထိ သက်ရောက်မည်ဖြစ်ပြီး ထိုကာလပြီးဆုံးပါက ပုံမှန်ပေးသွင်းရသည့်ပမာဏကို ပေးဆောင်ရမည်ဟုသိရပါသည်။ အဆိုပါမူဝါဒသည်  ၂၀၂၄ခုနှစ်၏ ပထမနှစ်ဝက်တွင် အစီးရေ ၆၇၈၄၉စီးသာရောင်းချခဲ့ရသည့် သိသာစွာရောင်းအားကျဆင်းခဲ့သော ပြည်တွင်းကားဈေးကွက်ကိုလှုံ့ဆော်ရန် ရည်ရွယ်ကြောင်းသိရပါသည်။ ထိုဖြတ်တောက်မှုသည် ပြည်တွင်းမော်ဒယ်များထက် စွမ်းဆောင်ရည်သာလွန်သည့် တင်သွင်းထားသော မော်တော်ယာဉ်များနှင့်နှိုင်းယှဉ်ပါက ပြည်တွင်းကား‌ရောင်းချမှုကျဆင်းလာခြင်းကို တန်ပြန်ရန်ဖြစ်ကြောင်းသိရပါသည်။ ထိုမူဝါဒသည် နိုင်ငံတော်၏ဝင်ငွေကို တစ်လလျှင် ခန့်မှန်း အမေရိကန်ဒေါ်လာ ၃၄သန်းခန့်လျော့ကျစေနိုင် ကြောင်းသိရပါသည်။ လတ်တလောမှတ်ပုံတင်ကြေးများမှာ  Hanoi နှင့် Hai Phong တွင် ၁၂ရာခိုင်နှုန်းနှင့် Ho Chi Minh တွင် ၁၀ရာခိုင်နှုန်းဖြင့် ဒေသအလိုက် အမျိုးမျိုးကွဲပြားကြောင်းသိရပါသည်။ ယခုအကြိမ်သည် အစိုးရက ထိုစီမံချက်အကောင်အထည်ဖော်သည့် ပထမဆုံးအကြိမ်မဟုတ်ကြောင်းသိရပါသည်။ လွန်ခဲ့သည့်နှစ် နောက်ဆုံး(၆)လတွင်လည်း ယခုနှစ်နှင့်တူညီသည့် မှတ်ပုံတင်ကြေးဖြတ်တောက်မှုကိုကျင့်သုံးခဲ့ကြောင်းသိရပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)