Main menu

ပြည်ဆင်ခရမ်းချဉ်သီးနှင့် ဒန့်ဒလွန်သီးရှားပါး၍ဈေးကောင်းရ

Powered by Drupal

      ယခုဩဂုတ်လနောက်ဆုံးပတ်တွင် ပြည်ဈေးကွက်၌ ဆင်ခရမ်းချဉ်သီးများ ဝင်ရောက်မှုနည်းပါးပြီး ဈေးကောင်းရလျက်ရှိနေပါသည်။ မင်းတုန်း၊ ဥသျှစ်ပင်ဘက်မှ တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာ အဝင်ရှိပြီး အလုံး ၃၀/ ၄၀ခန့်သာ ဝင်ရောက်မှုရှိနေပြီး ယခင်မတ်လတွင် အလုံးရေ ၁၀၀၀ခန့် ရက်ခြားအဝင်ရှိခဲ့ပြီး ဈေးနှုန်းမှာလည်း တစ်လုံးလျှင်ကျပ် ၂၅၀ ဝန်းကျင်ခန့် ရောင်းချမှုရှိခဲ့ကြောင်း သိရှိရသဖြင့် ယခုဩဂုတ်လနောက်ဆုံးပတ်တွင် တစ်လုံးလျှင် အကြီး၊ အသေး အပေါ်မူတည်၍ ကျပ် ၄၀၀-၅၀၀နှုန်းဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

      ပြည်ဈေးကွက်၌ ယခုဩဂုတ်လနောက်ဆုံးပတ်တွင် ဒန့်သလွန်သီးဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး ဝင်ရောက်မှုမှာလည်း တစ်ပတ်လျှင်တစ်ကြိမ်ခန့်သာ အဝင်ရှိသဖြင့် မြင့်တက်ရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ပြည်မြို့အနောက်ဘက်ကမ်းရှိ ဆင်တဲရွာအနီးတဝိုက်မှသာအဝင်ရှိပြီး အတောင့် ၅၀/ ၆၀ခန့်သာ အဝင်ရှိနေပါသည်။ ပေါ်ဦးပေါ်ဖျားရှားပါးချိန်ဖြစ်သည့်အတွက် အဝင်လည်းနည်းကာ ဈေးကောင်းရခဲ့ပြီး ယခင်နှစ်တွင်တစ်တောင့်လျှင် ကျပ် ၃၀၀နှုန်းရှိခဲ့၍ ယခုဩဂုတ်လ နောက်ဆုံးပတ်တွင် အတောင့်အချော၊ အကြီး၊ အသေးပေါ်မူတည်၍ ကျပ် ၄၅၀-၅၀၀နှုန်းဖြင့် အသီးသီး ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

 DOCA(ပဲခူး)