![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/22_17.jpg?itok=-qBtQXL2)
ကြက်သွန်နီ။ ပျော်ဘွယ်နှင့် မိထ္ထီလာတို့မှ ကြက်သွန်နီ လုံးလတ်ချော အရွယ်အစားများ ပြည်ပတင်ပို့မှုရှိခဲ့သဖြင့် ဒေသတွင်းဈေးကွက်များသို့ ကြက်သွန်နီ ဝင်ရောက်မှု လျော့ကျခဲ့ပါသည်။ ပြည်ပတင်ပို့ရန် ဝယ်ယူမှုတွင် ဈေးနှုန်းအနေအထား မြင့်တက်မှုရှိခဲ့သဖြင့် ဒေသတွင်း ဈေးကွက်များတွင် ကြက်သွန်နီ လက်လီဈေးနှုန်း (၂၀၀)ကျပ်ခန့် မြင့်တက်မှုရှိခဲ့ပါသည်။ ပျော်ဘွယ် မြို့နယ်၊ မိထ္ထီလာမြို့နယ်၊ မလှိုင်မြို့နယ်နှင့် တောင်သာမြို့နယ်များမှ ကြက်သွန်နီ ဝင်ရောက်မှုရှိခဲ့လျှင် ဒေသတွင်း ကြက်သွန်နီ ဈေးနှုန်း နိမ့်ကျမှုရှိလာမည့်အနေအထားကို တွေ့ရှိနေရပါသည်။
ကြက်သွန်ဖြူ။ ကြက်သွန်ဖြူ(ရှမ်းစ)တွင် ယခင်အပတ်ထက် (၄၀၀)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့မှုကို တွေ့ရှိရပါသည်။ ဒေသတွင်းသို့ ပုံမှန်ဝင်ရောက်မှုအနေအထားတွင် တွေ့ရှိနေရသော်လည်း၊ သယ်ယူစရိတ်မြင့်တက်လာခြင်း၊ အရွယ်အစားကောင်းများ ဝင်ရောက်မှုနည်းခြင်း၊ ပြန်လည်သန့်စင်မှု အလျော့တွက်လုပ်သားခ ကုန်ကျစရိတ်များကြောင့် ဈေးနှုန်းမြင့်တက်မှုရှိခဲ့သည်ဟု သိရပါသည်။ ဒေသအတွင်းသို့ ကြက်သွန်ဖြူ(ကြူကုတ်) ဈေးကွက်အတွင်း လက်ကျန်အခြေအနေများနှင့် ကြက်သွန်ဖြူ(ရှမ်း) ဒေသတွင်း ပုံမှန်ဝင်ရောက်မှုရှိနေသည်ကို တွေ့ရှိရသဖြင့် ကြက်သွန်ဖြူ ဈေးနှုန်းတည်ငြိမ်မည့် အနေအထားကို တွေ့ရှိရသိရပါသည်။
DOCA(နေပြည်တော်)