Main menu

၂၇.၈.၂၀၂၄ ရက်နေ့ ဗဟန်းမြို့နယ်၊ ဗဟန်းဈေးတွင် အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာအကြောင်း အသိပညာပေးဟောပြောခြင်း

Powered by Drupal

     အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍  မြေပြင်စစ်ဆေးခြင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက်မှုရှိ/ မရှိ စောင့်ကြည့်စစ်ဆေးခြင်းနှင့် မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သိရှိစေရန် ဗဟန်းမြို့နယ် ဗဟန်းဈေးတွင် ၂၇.၈.၂၀၂၄ ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် အသိပညာပေးဟောပြောခဲ့ရာ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ လက်မှတ်လျှောက်ထားခြင်းနှင့် ပတ်သက်သောလုပ်ငန်းမှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေများအကြောင်း အသိပညာပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)