Main menu

ကမ္ဘောဒီးယားတွင် ဘိလပ်မြေစက်ရုံ၌ ရင်းနှီးမြှုပ်နှံရန် တရုတ်ကုမ္ပဏီဆန္ဒရှိ

Powered by Drupal

    တရုတ်နိုင်ငံရှိ Jiang Provincial Building Material Group.,Ltd ၏ ဥက္ကဌဖြစ်သူ Wensheng Chen က ကုမ္ပဏီသည် ကမ္ဘောဒီးယားတွင် ဘိလပ်မြေစက်ရုံ၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြောင်း ဖော်ပြခဲ့သည်ဟု သိရှိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၏ ကမ္ဘောဒီးယားနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ အတွင်းရေးမှူးချုပ်ဖြစ်သူ Chea Vuthy နှင့် အစည်းအဝေးအတွင်း Chen က ၎င်းတို့၏ ကမ္ဘောဒီးယားခရီးစဉ်သည် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်သစ်ရှာဖွေရန်ဖြစ်ပြီး အထူးသဖြင့် ဘိလပ်မြေစက်ရုံထူထောင်ရန် စဉ်းစားလျက်ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။ Vuthy က ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအတွက် အသိအမှတ်ပြုကြောင်းဖော်ပြခဲ့ပြီး ကမ္ဘောဒီးယား၏ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အထူးသဖြင့် ဆောက်လုပ်‌ရေးကဏ္ဍတွင် ၎င်းတို့၏ အလားအလာရှိသောပူး‌ပေါင်းပါဝင်မှုကို အလေးထားပြောကြားခဲ့ကြောင်း သိရပါသည်။ ထို့ပြင် Vuthy က သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလျှော့ချရန် ခေတ်မီနည်းပညာနှင့် သန့်ရှင်းသောစွမ်းအင်ကို ဦးစားပေးအသုံးပြုရန် ကုမ္ပဏီကိုတိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။ အစည်းအဝေးအတွင် Vuthy က ၁၉၉၄ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၏ အကျဉ်းချုံးနှင့် ၎င်းတို့၏ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအပေါ် အဓိကထားမှုကိုပြောကြားခဲ့ကြောင်း သိရပါသည်။ ထို့ပြင်  Vuthy က ကမ္ဘောဒီးယားတွင် တရုတ်နှင့်ရင်းနှီးမြှုပ်နှံမှုများ သိသာစွာမြင့်တက်လာစေရန်အတွက် အဓိကအချက်များဖြစ်သော နိုင်ငံ၏ငြိမ်းချမ်းမှု၊ နိုင်ငံရေးတည်ငြိမ်မှု၊ သင့်လျော်သောစည်းမျဉ်းနှင့် ကမ္ဘောဒီးယား၏ တံခါးဖွင့်ထားပြီး မြင်သာမှုရှိကာ ခန့်မှန်းနိုင်သောဥပဒေများကို အသားပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)