Main menu

၂၀၂၄ IAF တွင် စီးပွားရေးးသဘောတူညီချက် စံချိန်တင်အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံခန့်ရရှိ

Powered by Drupal

      အင်ဒိုနီးရှားသမ္မတ Joko Widodo က ဒုတိယအကြိမ်မြောက် အင်ဒိုနီးရှား-အာဖရိကဖိုရမ် (IAF) ၂၀၂၄ တွင်  အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံတန်ကြေးရှိသော စံချိန်တင်စီးပွားရေး သဘောတူညီချက်များရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ ပမာဏသည် ၂၀၁၈ က ကျင်းပခဲ့သည့် ပထမအကြိမ်မြောက် IAF ထက် (၆)ဆမြင့်မားခဲ့ကြောင်း သိရှိရပါသည်။ Jokowi က ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်အတွက် သော့ချက်အဖြစ် အင်ဒိုနီးရှား၏အဖွဲ့တိုင်းနှင့် အထူးသဖြင့် အာဖရိကဒေသနှင့် မိတ်ဖက်ပြုလုပ်ရန် အင်ဒိုနီးရှား၏ အဆင်သင့်ဖြစ်နေမှုကိုအသားပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ သမ္မတ၏အဆိုအရ အင်ဒိုနီးရှား-အာဖရိက မိတ်ဖက်ပြုမှု၏ရလဒ်သည် အပေါင်းလက္ခဏာဆောင်ပြီး ကုန်သွယ်ရေးပမာဏနှင့် များစွာသော ကုန်သွယ်ရေးသဘောတူညီချက်များအတွက် ကဏ္ဍတစ်ခုဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရပါသည်။ Jokowi သည် ဖိုရမ်တက် ရောက်လာသည့် နိုင်ငံများမှခေါင်းဆောင်များနှင့် များစွာသောနှစ်ဦးနှစ်ဖက်ဆွေးနွေးမှုများ ပြုလုပ်ထားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။ ထို့ပြင် သမ္မတကြီးသည် တည်ငြိမ်မှုရှိသော ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ(SDGs)၏ အောင်မြင်မှုသည် ၂၀၆၃  အာဖရိကလုပ်ငန်းစဉ်ပါဝင်သည့် နိုင်ငံနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို ချိန်ညှိပေးမည့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု၏ အဓိကရည်မှန်းချက်ကို ဆက်လက်တည်ရှိစေရမည်ဟု ပြောကြားခဲ့ပါသည်။ ဖိုရမ်ကို Bandung Spirit for Africa’s Agenda 2063” ဆိုသည့်အမည်ကို  ပဓာနပြု၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အနာဂတ် တွင် အင်ဒိုနီးရှားနှင့်အာဖရိကနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်ရာတွင် အခြေခံအုတ်မြစ်တစ်ခုဖြစ်စေရန်ဟု သိရပါသည်။ ဖိုရမ်တွင် စီးပွားရေးအသွင်ကူးပြောင်းမှု၊ စွမ်းအင်၊ သတ္တုတွင်း၊ အစားအစာဖူလုံရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အခြားကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေးကို ဦးစားပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)