ရုရှားနိုင်ငံ၏ ပိုက်လိုင်းမှတစ်ဆင့် ဥရောပသို့ သဘာဝဓါတ်ငွေ့တင်ပို့မှုသည် ပြီးခဲ့သည့်နှစ် ဩဂုတ်လနှင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတို့ထက် ယခုနှစ် ဩဂုတ်လတွင် ၂ ရာခိုင်နှုန်းကျဆင်းခဲ့ ကြောင်း တနင်္လာနေ့ကထုတ်ပြန်ခဲ့သည့် Reuters ၏ ခန့်မှန်းချက်အရ သိရှိရပါသည်။
လွန်ခဲ့သည့်လတွင် ဓါတ်ငွေ့ကုမ္ပဏီကြီး Gazproin ၏ ပိုက်လိုင်းမှ ဥရောပသို့ နေ့စဉ်တင်ပို့ မှုသည် ပျမ်းမျှအားဖြင့် ကုဗမီတာ ၈၉.၆ သန်းသို့ ကျဆင်းသွားပြီး လစဉ် ၂ ရာခိုင်နှုန်းကျဆင်းကာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှ ၂.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း Reuters ၏ တွက်ချက်မှုအရ ဥရောပဓါတ်ငွေ့ပို့လွှတ်မှုအဖွဲ့ Entsog မှ အချက်အလက်များအပေါ် အခြေခံထားကြောင်း သိရှိရပါသည်။
ရုရှား-ယူကရိန်းနယ်စပ်အနီးရှိ ရုရှားမှ အနောက်ဥရောပသို့ ဓါတ်ငွေ့များပေးပို့နေသော တစ်ခုတည်းသော ဓါတ်ငွေ့တိုင်းတာရေးစခန်းအနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့သော်လည်း ရုရှား သည် ယူကရိန်းမှတစ်ဆင့် ဥရောပသို့ ဓာတ်ငွေ့များဆက်လက်တင်ပို့ခဲ့သည်။ နယ်စပ်ဖြတ်ကျော် Kursk ၏ ရုရှားဒေသအား ယူကရိန်းမြေပြင်ထိုးစစ်ကြောင့် Kursk ဒေသရှိ Sudzha ဓာတ်ငွေ့ လွှဲပြောင်းမှုနှင့်တိုင်းတာရေးစခန်းတို့မှတစ်ဆင့် ဓာတ်ငွေ့ထောက်ပံ့မှုအား ထိခိုက်ခြင်းမရှိကြောင်း သိရှိရပါသည်။
ယူကရိန်းမှတစ်ဆင့် ရုရှား၏ ဓါတ်ငွေ့သယ်ယူပို့ဆောင်ရေးလမ်းကြောင်း Sokhranivka ကို ပိတ်ပြီးနောက် Gazproin သည် Sudzha လမ်းကြောင်းသို့ ဓါတ်ငွေ့များတင်ပို့နိုင်ရန် ပြောင်းရွှေ့ခဲ့ရကြောင်း သိရှိရပါသည်။ ယူကရိန်းမှတစ်ဆင့် Gazproin ၏ ပိုက်လိုင်းဓါတ်ငွေ့တင်ပို့မှုသည် ဩဂုတ်လတွင် ရုရှားမှ EU သို့ ဓါတ်ငွေ့တင်ပို့မှုအားလုံး၏ ထက်ဝက်နီးပါးရှိကြောင်း Reuter ၏ တွက်ချက်မှုအရ သိရှိရသည်။
ယခုနှစ်အထိ Gazproin ၏ ဥရောပသို့တင်ပို့ရောင်းချမှုသည် ၂၀၂၃ ခုနှစ်၏ အလွန်နည်းပါးသောအဆင့်များနှင့် နှိုင်းယှဉ်ပါက တိုးတက်လာခဲ့သည်။ Gazproin သည် ၂၀၂၃ ခုနှစ်၏ နှစ်စမှအစပြု၍ လစဉ်ပို့ကုန်ဒေတာအစီရင်ခံခြင်းကို ရပ်တန့်ခဲ့ ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)