![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၄၄_1.png?itok=1dbOPSu6)
မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနရှိ ခေတ္တခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူများဘေးအန္တရာယ်ကင်းစေရန်အတွက် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၃)ရက်နေ့၊ နေလယ်(၁၄း၀၀)အချိန်တွင် မြိတ်မြို့၊ ကန်ခေါင်းရပ်ရှိ စူပါအမှတ်တံဆိပ်ကိတ်နှင့် မုန့်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိစေရေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိစေရေး၊ ကုန်အညွှန်းအမှတ်အသားပါရှိခြင်းကြောင့် ရရှိလာမည့်ကောင်းကျိုးများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များရောင်းချရန်နှင့် သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
DOCA(တနင်္သာရီ)