![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၃၉၇.jpg?itok=zkwc1RNr)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ ယခုဩဂုတ်လ(စတုတ္ထပတ်)တွင် ဒေသတွင်းကျေးရွာအနှံ့အပြားနှင့် ပွင့်ဖြူ၊ စလင်း၊ ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ကုန်ချိန်အများအပြားဝင်ရောက်လျက်ရှိကြောင်း၊ ဩဂုတ်လ(စတုတ္ထပတ်)တွင် ပွဲရုံဈေးကွက်သို့ ကြက်သွန်နီကုန်ချိန်ပိဿာ(၅)သောင်းခန့်ဖြင့် တစ်ပတ်အတွင်း စုစုပေါင်းပိဿာ(၄)သိန်းခန့်ဝင်ရောက်ကြောင်း ဈေးကွက်မှသိရှိရသည်။
ဈေးနှုန်းဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(စတုတ္ထပတ်)အတွင်း ကြက်သွန်နီ(ဂျွန်) ထိပ်စအမြင့်ဈေး တစ်ပိဿာလျှင် ကျပ်(၂၀၀၀ မှ ၁၈၀၀)၊ အလတ်စ ကျပ်(၁၈၀၀ မှ ၁၆၀၀)၊ အသေးစ ကျပ်(၁၅၀၀ မှ ၁၄၀၀) ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်ဩဂုတ်လ(တတိယပတ်)တွင် ကြက်သွန်နီ(ဂျွန်) ထိပ်စ အမြင့်ဈေး တစ်ပိဿာလျှင် ကျပ်(၂၁၀၀ မှ ၁၈၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၉၀၀ မှ ၁၇၀၀) အသေးစ တစ်ပိဿာလျှင်ကျပ်(၁၆၀၀ မှ ၁၅၀၀)ဖြစ်၍ ယခင်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၁၀၀)ခန့်ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ပွဲရုံမှတစ်ဆင့် အရည်အသွေး၊ အရွယ်အစားအလိုက် သန့်စင်ပြီးကြက်သွန်နီများကို တစ်ပိဿာလျှင် ကျပ်(၂၃၀၀-၁၉၀၀)လက်ကားဈေးဖြင့် ဒေသအနှံ့အပြားသို့ ဖြန့်ဖြူးလျက်ရှိကြောင်း၊ ဒေသတွင်းနယ်မြေအခြေအနေနှင့် ပြည်ပဝယ်လိုအားနည်းခြင်းကြောင့် ကြက်သွန်နီဈေးနှုန်းမှာ အတက်အကျနည်းပြီး တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ခန့်ဖြင့် ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရသည်။
ကုန်စည်စီးဆင်းမှုအနေဖြင့် ပြည်တွင်း ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ပြည်၊ ပုသိမ်မြို့နှင့် မော်လမြိုင်၊ မြဝတီမြို့များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ဩဂုတ်(စတုတ္ထပတ်)တွင် ဆိပ်ဖြူမြို့မှ ကြက်သွန်နီကုန်ချိန်ပိဿာ (၄)သိန်း၊ တန်ချိန်အားဖြင့် (၆၅၃)တန်ခန့် တွဲကား၊ (၁၂)ဘီး၊ (၆)ဘီး မော်တော်ယာဉ်များဖြင့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှသိရှိရပါသည်။
DOCA(မကွေး)