စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးနှင့် အုတ်တွင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လုပ်သားများကျန်းမာရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ များနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောဆွေးနွေးပွဲကို စက်တင်ဘာလ ၃ ရက်နေ့ နေ့လယ်ပိုင်းတွင် အုတ်တွင်းမြို့၊ ကြယ်နီအဆင့်မြင့်ဆန်စက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးအောင်က စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူများနစ်နာဆုံးရှုံးမှုမဖြစ်စေရန် ဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ အွန်လိုင်းဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်စေရေးအတွက် သိရှိသင့်သည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အုတ်တွင်းမြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးက လုပ်သားများကျန်းမာရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောဆွေးနွေးပြီး စက်ရုံပိုင်ရှင်ဒေါက်တာသူလွင်ထွန်းက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းနှင့် အသိပညာပေးဟောပြောပွဲသို့ ကြယ်နီအဆင့်မြင့်ဆန်စက်မှ လုပ်သား (၂၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)