Main menu

တရုတ်နိုင်ငံသည်သတိပေးချက်များဖြင့်ထိုင်ဝမ်မှကျွဲကောသီး တင်သွင်းမှုအား ပြန်လည်စတင်

Powered by Drupal

   ၂၀၂၂ခုနှစ် သြဂုတ်လ ၂ရက်နေ့တွင် ယာယီပိတ်ပင်ထားပြီးနောက် ထိုင်ဝမ်ကျွဲကောသီးတင် သွင်းမှုအားပြန်လည်စတင်တော့မည်ဖြစ်ကြောင်း စက်တင်ဘာ ၂ရက်နေ့၌ကြေညာခဲ့သည်၊ ထိုင်ဝမ်မှလိမ္မော်သီးတင်ပို့မှုတွင် အန္တရာယ်ရှိသောအင်းစက်များစွာကို ရှာဖွေတွေ့ရှိပြီးနောက် ပေကျင်းသည် ထိုင်ဝမ်ကျွဲကောသီးတင်သွင်းမှုကို ရပ်ဆိုင်းခဲ့ကြောင်း သိရှိရပါသည်။

    ထိုင်ဝမ်နှင့်တရုတ်နိုင်ငံတို့သည် ကျွဲကောသီးအား ရိုးရာဓလေ့အတိုင်း စားသုံးကြသည့် ဆောင်းဦးရာသီပွဲတော်ကို စက်တင်ဘာလ ၁၇ ရက်နေ့တွင်ကျင်းပမည်ဖြစ်သောကြောင့် ယခုကဲ့ သို့ထုတ်ပြန်ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

     တရုတ်အမျိုးသားရေးဝါဒီပါတီ(KMT) ဗဟိုကော်မတီအမှုဆောင်ဒါရိုက်တာFu Kun-chiနှင့် Hualien ကောင်စီအစိုးရတို့က တရုတ်နိုင်ငံသို့ ကျွဲကောသီးတင်ပို့မှု ပြန်လည်စတင်လိုသည့်ဆန္ဒကို ထပ်ခါတလဲလဲဖော်ပြပြီးနောက် ယာယီတင်သွင်းခွင့်ပိတ်ပင်မှုကိုရုပ်သိမ်းလိုက်ကြောင်း တရုတ် တိုင်ပေရေးရာရုံး(ATO)ရုံးမှထုတ်ပြန်သော ရေးသားထုတ်ပြန်ချက်တွင် ပြောရေးဆိုခွင့်ရှိသူ Chen Binhua ကပြောကြားခဲ့သည်၊ ထိုင်ဝမ်ကျွဲကောခြံ ၄၅ခြံနှင့် တရုတ်အစိုးရထံမှတ်ပုံတင်ထားသော ထုတ်ပိုးသည့်စက်ရုံ ၁၉ ရုံရှိပြီး အများစုမှာ Hualien တွင်ရှိကြောင်း တိရိစ္ဆာန်နှင့်အပင် ကျန်းမာရေးအေဂျင်စီမှပြောကြားခဲ့သည်၊ တရုတ်နိုင်ငံမှ တင်သွင်းမှုရပ်ဆိုင်းပြီးနောက် ကျွဲကော သီးများကို ပြညတွင်း၌ရောင်းချခဲ့သည်၊နိုင်ငံခြားတွင် အခြားအလားအလာရှိသော ဈေးကွက်များကိုရှာဖွေခြင်းအပြင် ဝန်ကြီးဌာနသည် စူပါမားကက်များတွင် ရောင်းချနိုင်သည့်လတ်ဆတ်သော ထိုင်ဝမ်ကျွဲကောသီးများကိုအသုံးပြု၍ သစ်သီးဝလံထုတ်ကုန်များကို တီထွင်ထုတ်လုပ်ခဲ့ကြောင်း သိရှိရပါသည်။ ပြီးခဲ့သည့်လစာရင်းအရ ယခုနှစ်အတွင်း အခြားနိုင်ငံများသို့တန်ချိန် ၇၃၂ တင်ပို့ခဲ့ပြီးအများစုမှာစင်္ကာပူ၊ ဟောင်ကောင်နှင့်ကနေဒါနိုင်ငံများသို့ တင်ပို့ထားကြောင်း အေဂျင်စီ၏ အချက်အလက်များအရသိရသည်။ ထိုင်ဝမ်ကျွဲကောသီးအဓိကထွက်ရှိသည့် နေရာသုံးခုမှာ Madou ခရိုင်၊Yunlinရှိ Douliou မြို့နယ်နှင့် Hualien ရှိ HeGung ခရိုင်တို့မှဖြစ်သည်။

     တရုတ်နိုင်ငံသို့တင်ပို့ရန်အတွက် ကျွဲကောသီးများကို အစိုးရမှကျပန်းရွေးချယ်သွားမည်ဖြစ်ပြီး ထိုကျပန်းစစ်ဆေးခြင်းခံရသည့်ပမာဏသည် ယခင်နှစ်ထက် နှစ်ဆပိုမိုများပြားလာမည်ဖြစ်ကြောင်းသိရသည်၊ Chihlee University Of International Trade Of Technology ၏ လက်ထောက်ပါမောက္ခ Chang Hung-Yuan ကထိုင်ဝမ်မှကျွဲကောသီးများ တင်ပို့မှုပြန်လည်စတင်ခြင်းကို ထိုင်ဝမ်ကျွဲကောစိုက်တောင်သူများ၏ ဖိအားကိုလျှော့ချရန် ဆောင်းဦးပွဲတော်မတိုင်မီ ကြေညာခဲ့ကြောင်း၊ အဆိုပါလှုပ်ရှားမှုသည် စီးပွားရေးအချက်များမှတစ်ဆင့် ပေါင်းစည်းရေးကိုလွယ်ကူချောမွေ့စေရန် ရည်ရွယ်ကြောင်းပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)