Main menu

ကနေဒါသည် တရုတ်နိုင်ငံတွင်ထုတ်လုပ်သော EV ကားများအပေါ် ၁၀၀% အခွန်စည်းကြပ်သွားမည်

Powered by Drupal

    ကနေဒါနိုင်ငံသည် တရုတ်နိုင်ငံတွင်ထုတ်လုပ်သည့် လျှပ်စစ်ကားများ(EV)တင်သွင်းမှုအပေါ် အမေရိကန်နှင့်ဥရောပတို့လမ်းစဥ်အတိုင်း ၁၀၀% အခွန်စည်းကြပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ BBC ၏အစီရင်ခံစာအရ ကနေဒါနှင့် ၎င်း၏အနောက်နိုင်ငံမဟာမိတ်များက တရုတ်နိုင်ငံ၏အစိုးရသည် ၎င်း၏ EV လုပ်ငန်းကိုထောက်ပံ့မှုကြောင့် တရုတ်နိုင်ငံမှကားထုတ်လုပ်သူများသည် မျှတမှုမရှိစွာ အကျိုးအမြတ်များရရှိလျှက်ရှိသည်ဟု မှတ်ယူထားကြသည်၊ တရုတ်သံမဏိနှင့် အလူမီနီယံအပေါ် အခွန် ၂၅%ကောက်ခံရန်လည်းစီစဥ်ထားကြောင်းသိရှိရပါသည်။

    ကနေဒါနိုင်ငံ၏မော်တော်ယာဥ်ကဏ္ဍကို ကမ္ဘာလုံးဆိုင်ရာဦးဆောင်သူအဖြစ် အသွင်ပြောင်းလျှက်ရှိကြောင်း၊ သို့သော်လည်းတရုတ်တို့သည် ကမ္ဘာ့ဈေးကွက်တွင် တရားမမျှတသော အားသာချက်များရရှိစေရန် ရွေးချယ်ခံခဲ့ကြရကြောင်း ကနေဒါဝန်ကြီးချုပ် Juatin Trudeau ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

   တရုတ်နိုင်ငံမှ ကနေဒါ၏ဆုံးဖြတ်ချက်သည် ကမ္ဘ့ာကုန်သွယ်ရေးအဖွဲ့၏စည်းမျဥ်းများကို ချိုးဖောက်သည့် ကုန်သွယ်ရေးကာကွယ်မှုဝါဒ ပုံစံအဖြစ်မှတ်ယူထားသည်။ တရုတ်နိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဆိုပါလုပ်ရပ်သည် ကမ္ဘာ့စီးပွားရေးစနစ်နှင့် စီးပွားရေးနှင့်ကုန်သွယ်မှုစည်းမျဥ်းများကို ဆိုးရွားစွာထိခိုက်စေနိုင်သည်ဟုပြောကြားခဲ့သည်။ ကနေဒါနိုင်ငံမှ၎င်း၏မှားယွင်းသောအလေ့အကျင့်များကို ချက်ချင်းပြုပြင်ရန်လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

    ယခုနှစ်အစောပိုင်းတွင် အမေရိကန်သည် တရုတ်လုပ် EV များအပေါ်စည်းကြပ်ခွန် ၁၀၀% အထိလေးဆတိုးမည်ဟု အီးယူက မေလတွင်ကြေညာခဲ့ပြီး ထိုကဲ့သို့သောမော်တော်ကားများ အပေါ်ထပ်ဆောင်းအခွန် ၃၈.၁%တိုးကောက်မည်ဟု မေလတွင်ကြေညာခဲ့သည်။  သို့သော် မကြာသေးမီက အီးယူသည် Telsa ၏တစ်ဦးချင်းအကဲဖြတ်မှုအပြီးတွင် ယခင်ကစီစဥ်ထားသည့် ၂၀.၈% မှ ၉ % သာတရုတ်လုပ် Telsa အပေါ် ၎င်း၏ထပ်ဆောင်းအခွန်ကိုပြန်လည်ပြင်ဆင်ခဲ့ကြောင်း သိရှိရပါသည်။

      တရုတ်နိုင်ငံလုပ် EV များအပေါ် ကနေဒါ၏အခွန်စည်းကြပ်မှုတွင် Telsa သည်၎င်း၏ Shanghai Gigo Factory တွင်ပြုလုပ်သောပစ္စည်းများပါဝင်မည်ဖြစ်ပြီး ကားထုတ်လုပ်သူသည်လုံလောက်သောအခွန်ကို လျော့ချနိုင်ခြင်းမရှိပါက အမေရိကန် (သို့မဟုတ်) ဥရောပမှတင်သွင်းမှုသို့ ပြောင်းလဲမည်ဟု စက်မှုလေ့လာသူမှမျော်လင့်ထားကြောင်း သိရှိရပါသည်။ကနေဒါသည် ယခုနှစ်အတွင်း Telsa ၏ ၆ ခုမြောက်အကြီးဆုံးဈေးကွက်ဖြစ်သောကြောင့် အခွန်အကောက်များကြောင့် ဈေးနှုန်းတက်ခြင်း ကိုတားဆီးခြင်းသည် ကားထုတ်လုပ်သူများအတွက်အရေးကြီးကြောင်း သိရှိရပါသည်။