ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ခရမ်းမြို့နယ်အတွင်းရှိ ပဲခူး-ရန်ကုန်ကားလမ်းမကြီး ဘေးဝဲယာတွင် စက်သုံးဆီဖြန့်ဖြူးရောင်းချပေးလျှက်ရှိသော Apex(ရတနာ) စက်သုံးဆီဆိုင်သို့စက်တင်ဘာလ(၃)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် စက်သုံးဆီဖြန့်ဖြူးရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခရမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများ၊ စားသုံးသူ ရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် ပဲခူး-ရန်ကုန်ကားလမ်းမကြီး ဘေးဝဲယာဘက်ရှိ အေးချမ်းသာယာကွက်သစ် (၃)ရပ်ကွက်ရှိ Apex (ရတနာ) စက်သုံးဆီအရောင်းဆိုင်တွင် ယာဉ်များတန်းစီစောင့်ဆိုင်းဝယ်ယူနေခြင်းရှိ/ မရှိ၊ ခွဲတမ်းအချိုးကျစနစ်ဖြင့် ရောင်းချနေခြင်းရှိ/ မရှိနှင့် စက်သုံးဆီများအပြည့်အဝဖြန့်ဖြူးရောင်းချပေးနိုင်ခြင်းရှိ/ မရှိတို့အား စက်သုံးဆီဆိုင်မှ တာဝန်ရှိသူတို့အား အသေးစိတ်မေးမြန်းဆွေးနွေးပြောကြားခဲ့ပြီး စက်သုံးဆီရည်ညွှန်းဈေးတို့ကို အပတ်စဉ်သောကြာနေ့တိုင်း သက်ဆိုင်ရာဌာနများမှထုတ်ပြန် ပေးလျှက်ရှိရာ မိမိတို့၏ဆိုင်တွင် သတ်မှတ်ဈေးနှုန်းဖြင့်သာဖြန့်ဖြူးရောင်းချပေးကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး စက်သုံးဆီသိုလှောင်ကန်များ၏ လက်ကျန်အခြေအနေနှင့် စက်သုံးဆီဝင်ရောက်နိုင်မှုအခြေအနေများ စက်သုံးဆီဆိုင်တွင်တပ်ဆင်ထားသော CCTV များမှ Control စနစ်ကောင်းမွန်ခြင်းရှိ/ မရှိ တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)